Showing posts with label Others. Show all posts
Showing posts with label Others. Show all posts

Thursday, July 7, 2016

Windows ရဲ့ virtual memory ကိုတိုးပြီး ကွန်ပျူတာကို ပိုမြန်အောင်လုပ်မယ်




          Virtual memory ကိုတိုးပြီး windows ကိုမြန်အောင်လုပ်တယ်ဆိုတာ အသစ်အဆန်းကြီးရယ်တော့မ ဟုတ်ပါဘူး။ windows XP တွေကတည်းကရှိတယ်။ ပြီးတော့ Virtual memory ကိုအတိုးအလျှော့လုပ်လိုက်လို့ windows ကြီးသိသိသာသာမြန်လာမယ်လို့တော့ ကြိမ်းသေအာမမခံနိုင်ပါဘူး။ သင့်မှာ core i3 i5, i7 စတဲ့ processor တွေကို တပ်ထားပြီး hard disk ကလည်း Solid State Drive (SSD) တွေတပ်ထားတဲ့ ကွန်ပျူတာများရှိနေခဲ့ရင်တော့ ကျော်သာဖတ်သွားပါလို့ပြောပါရစေ။ သူတို့အတွက် paging file ဆိုတာ လုပ်လည်းဘာမှပြောပလောက်အောင်ထူးခြားမသွားစေပါဘူး။ ကွန်ပျူတာကိုမြန်အောင်လုပ်ဖို့အခြားနည်းလမ်း တွေလည်းများစွာရှိပါတယ်။ အောက်ပါအချက်အလက်တွေနဲ့ ကိုက်ညီတဲ့ကွန်ပျူတာတွေကတော့ သုံးရတာအ  ဆင်ပြေလာပါလိမ့်မယ်။
1)    Windows ကသုံးလာတာကြာပြီ အသစ်လည်းမတင်ဖြစ်တာကြာပြီ။
2)    ကွန်ပျူတာရဲ့ RAM ကလည်း 1 GB လောက်ပဲရှိတယ်။
3)    ကွန်ပျူတာရဲ့ memory ထက်ကိုပိုပြီး process တွေကို အများအပြား run နေရတဲ့ စက်မျိုးတွေ။
ဒီလိုကွန်ပျူတာတွေကတော့ ကြာလာတာနဲ့အမျှသိသိသာသာလေးလာမှာအမှန်ပဲ။ ဒီတော့ windows ကြီးလည်း အသစ်ပြန်မတင်ဖြစ်ဘူး။ Run လည်းမတိုးဖြစ်ဘူး။ run ရတဲ့ program တွေကလည်း အများကြီးဆို ရင် ဒါလေးကိုလုပ်သင့်ပါတယ်။
Virtual memory ဘယ်လိုအလုပ်လုပ်သလဲ
          ဒါလေးကတော့ လုပ်တော့ လုပ်လိုက်တယ်၊ နောက်ကွယ်က ဘယ်လိုလုပ်ပြီး ကွန်ပျူတာရဲ့ စွမ်းဆောင်ရည်ကိုမြှင့်လိုက်သလဲဆိုတာကို သိဖို့ just for knowledge လေးပေးတာပါ။ ကွန်ပျူတာမှာ Run 1GB ရှိတယ်ဆိုပါစို့။ ကျွန်တော်တို့က application တွေအမြောက်အမြားကို တစ်ပြိုင်တည်း run လိုက်တဲ့အခါမှာ run မှာ နေရာမလောက်တော့ဘူးဖြစ်လာတယ်။ ဒီအခါမှာ windows ဟာလတ်တလော freeze ဖြစ်နေတဲ့ process တွေကို run ပေါ်မှာမတင်တော့ပဲ hard disk ရဲ့တစ်နေရာမှာ ယာယီသွားပြီး paging file အဖြစ်နဲ့ သိမ်းထားလိုက်ပါတယ်။ အကယ်လို့များ အဲဒီထဲက process run ဖို့လိုအပ်လာတယ်ဆိုရင် တော့ run ပေါ်ရောက်နေတဲ့ freeze ဖြစ်နေတဲ့ process နေရာမှာ အဲဒီဖိုင်ကို အစားထိုးလိုက်တယ်။ ဒီလိုနဲ့ process တွေကို handle လုပ်ပေးတာဖြစ်ပါတယ်။ ပုံမှန်အားဖြင့် paging file တွေကို windows တင်ထားတဲ့ partition မှာ save လုပ်ပါတယ်။ အိုခေ ဒီတော့ paging file ကိုဘယ်လိုထားမလဲလုပ်ကြည့်ရအောင်။ ပုံမှန်အားဖြင့်တော့ paging file setting ကို windows ကပဲ အလိုလျှောက်သတ်မှတ်ပါတယ်။
Control panel>system>Advanced>Performance ဆိုတဲ့အောက်က settings>Advanced> အောက်နားလေးက change… ကိုတစ်ဆင့်ချင်းဝင်ရပါမယ်။















          အဲဒီမှာ Automatically manage… ဆိုတာကို အမှတ်ခြစ်ဖြုတ်လိုက်ရမှာဖြစ်ပါတယ်။ ဒါမှသာ manually လုပ်လို့ရမှာဖြစ်ပါတယ်။ ဒီနေရာမှာ သိထားစရာလေးတွေရှိပါတယ်။ အကယ်လို့များကျွန်တော် တို့မှာ hard disk ကိုနှစ်ပိုင်းပိုင်းထားပြီး windows installation လုပ်ထားတယ်ဆိုရင် windows installation လုပ်ထားတဲ့အပိုင်းမှာ အောက်မှာပြထားတဲ့အတိုင်း minimum ကို 250 MB နဲ့ maximum ကိုလည်း 250 MB ထားပေးလိုက်။ ပြီးတော့ ကျန်တဲ့အပိုင်းမှာ ကိုယ့်လက်ရှိ RAM ပမာဏကို 1.5 နဲ့မြှောက်ပြီးရလာတဲ့ MB တန်ဖိုးကိုထည့်ပေါ့ဗျာ။ ဒါကလည်း Microsoft က recommended လုပ်ထားလို့။ ကျွန်တော်ပြောတာဟုတ်ဖူးဗျ။ ဥပမာ RAM 1GB ဆိုရင် 1024MB ပေါ့ 1.5 နဲ့မြှောက်တော့ အနည်းဆုံး 1540 MB လောက်ထားရမှာပေါ့။ အိုခေနော်။ ကိုယ့်စက်မှာ RAM ပမာဏဘယ်လောက်ရှိသလဲဆိုတာကိုသိချင်ရင် start> control panel > system ဆိုတာကို click ခေါက်ပြီး အောက်ကအတိုင်းကြည့်လို့ရတယ်။


          1GB မှာ 1024 MB ရှိတယ်။ 4GB ဆိုတော့ 4096 MB ပေါ့ဗျာ။ ဘာဖြစ်လို့လည်းဆိုတော့ paging file က MB နဲ့ထားရတာကိုးဗျ။ တကယ်လို့များကိုယ့်စက်က partition တစ်ပိုင်းထည့်းထားပြီး windows installation လုပ်ထားတယ်ဆိုရင်တော့ လက်ရှိ RAM ရဲ့ ပမာဏ 1.5 ဆလောက်ကိုထားလိုက်ယုံပဲ။ ပြီးတော့ paging file ထားတဲ့အခါ windows က  installation လုပ်ထားတဲ့အပိုင်းမှာ ပုံသေထားတယ်ဆိုပေမယ့် တကယ်ကောင်းတာက window မတင်ထားတဲ့အပိုင်းမှာ ထားပေးတာပိုကောင်းတယ်ဗျ။ ဒါမှ system file တွေနဲ့သွားပြီး ညိမနေတော့ ပိုပြီး I/O request တွေကို handle လုပ်နိုင်တယ်။ ပြီးတော့ အောက်မှာပြထားတဲ့အတိုင်း initial size နဲ့ maximum size ကိုအတူတူထားပေးရမယ်။



          ဒါမှ paging file တွေပြန့်ကျဲပြီး fragment ဖြစ်မှာကို ကာကွယ်နိုင်တယ်ဗျ။ မဟုတ်ရင် ပေးထားတဲ့ range ကကျယ်တော့ အဲဒီ range ထဲကနေရာစုံမှာ paging file တွေလိုက်ချလို့ fragment ဖြစ်စေတယ်။ ပြီးတော့ paging file ကို setting မချခင်မှာ disk defragment လုပ်သင့်တယ်။ အိုခေ ဒီတော့ ကွန်ပျူတာလေးမြန်လာအောင် အခုပဲလုပ်ကြည့်ပါတော့။

Tuesday, July 5, 2016

ကွန်ပျူတာအရမ်း Hang နေသလား



          Network သမားတစ်ယောက်အနေနဲ့ network cable တွေ၊ router တွေ ၊ switch တွေနဲ့သာအမြဲ အလုပ်နေရတာမဟုတ်ပါဘူး။ workstation တွေပြသနာတက်ပြီဆိုရင်လည်း ပြေးရတာပါပဲ။ ကျွန်တော်တို့ရုံးမှာ ဆိုရင်လည်း network ပြသနာကခေါင်းမကိုက်ရပဲ အဲဒီ workstation တွေပြသနာတစ်မျိုးပြီးတစ်မျိုးပေးနေတာ ကိုက စိတ်ညစ်ရပါတယ်။ ဒါ့ကြောင့် ကျွန်တော် A+ ကိုလည်း နည်းနည်းချင်းစီတင်ပေးသွားပါ့မယ်။ ကွန်ပျူတာအရမ်း hang နေတယ်ဆိုတာကလည်း အဖြစ်များလွန်းတဲ့ ပြသနာတစ်ခုပါပဲ။ တခါတလေ အရမ်းအလုပ်များနေတဲ့အချိန်မှာ computer ကြီး hang နေရင်လည်း စိတ်တိုရတယ်။ ဒီတော့ computer hang နေရင် လုပ်ရမယ့် step လေးတွေကိုပြောပြပါ့မယ်။

၁) ကွန်ပျူတာရဲ့ CPU fan ကအလုပ်ကောင်းကောင်းလုပ်သလားဆိုတာကိုစစ်ဆေးကြည့်ရပါမယ်။ ( ပုံမှန်လည်နေတာလား။ ဒါမှမဟုတ် လည်တစ်ချက် မလည်တစ်ချက်ဖြစ်နေတာလား။ လည်တာက နှေးနှေးလေးဖြစ်နေတာလားပေါ့။ )

၂) နောက်တစ်ခုကတော့ ကျွန်တော်တို့ Run ထဲမှာ (%temp%;prefetch;recent) ကို ပုံမှန်ဖျက်ထုတ်ပေးပါ။ ဖျက်လို့မရတဲ့ files တွေလဲတွေ့ရမှာပါ။ ဖျက်ရချင်ရင်တော့ unlocker softeare နဲ့ ဖြေရှင်းလို့ရပါတယ်။ free ပေးပါတယ် google မှာရှာလိုက်ပါ။ ဖိုင် size က 1MB လောက်သာရှိပါတယ်။

၃) ပြီးရင် My Computer ထဲကိုသွား။ တွေ့တဲ့ C: D: E: drive တွေအားလုံးကို select all လုပ် right click ခေါက်လိုက်။ ပြီးရင် properties ကိုရွေးပြီး Disk cleanup button ကိုနှိပ်ပြီး မလိုတာတွေကိုရှင်းပြစ်။

၎) Run box မှာ msconfig ကိုနှိပ် ပေါ်လာတဲ့ box ထဲမှာ services နဲ့ starup တွေထဲက မလိုအပ်တဲ့ process တွေကို uncheck လုပ်ပြစ်ပါ။ admin right တော့လိုတယ်။ ပြီးတော့ ဘယ် process တွေကို လိုတယ်မလိုဘူးဆိုတာကို ဆုံးဖြတ်ဖို့ knowledge နည်းနည်းလိုလိမ့်မယ်။

၅) windows partition ထဲက windows ထဲကိုဝင် ပြီးတော့ system 32 folder ထဲက “ prefetch” folder ကိုရှာပြီး ဖျက်ပြစ်လိုက်။ မတွေ့ဘူးဆိုရင် windows folder ထဲမှာပဲရှာကြည့် တွေ့ရင် ဖျက်ပြစ်။

၆) မိမိတို့ computer မှာ ctrl+alt+ delete key (တစ်ချို့စက်တွေမှာ ctrl+shift+Esc ) နိုပ်ပြီ Task manager ကိုခေါ်လိုက်ပါ။ ပြီရင် processes ထဲမှာ ကို အသုံးမလိုတဲ့ software တွေကို End Process လိုက်လုပ်ပါ။

၇) နောက်တစ်ခုက virtual memory တိုးပေးတာဖြစ်ပါတယ်။ ကျွန်တော်တို့ program တွေ အများကြီး run ထားတဲ့အခါ virtual memory မလုံလောက်တဲ့အတွက် စက် Hangs တာမျိုးတွေ ဖြစ်တက်ပါတယ်။ virtual memory လုပ်နည်းကိုကျွန်တော်သီးခြားတင်ပေးပါ့မယ်။

၈) နောက်တစ်ခုကတော့ ကျွန်တော်တို့ Browser တွေရဲ့ History တွေကို ဖျက်ထုတ်တာဖြစ်ပါတယ်။ ccleaner software နဲ့ ဖြေရှင်းက အတော် ကောင်းတယ်။ software မသုံးချင်တဲ့ သူငယ်ချင်းများအတွက် Internet explorer မှာ Tools ဆိုတာ တွေ့ကြမှာပါ။ အဲဒီမှာ internet option ထဲက General မှာ clear History ကို click လိုက်ပြီ ok ပေးလိုက်တာပါ။ Firefox မှာလဲ ကျွန်တော်တို့ option ထဲက privacy ထဲမှာ private ထဲက setting မှာ ကျွန်တော်တို့ clear ပေးလိုက်ပါ။ Browser History တွေကို ပြောတာနော်။

၉) နောက်တစ်ခုကတော့ Internet temporary files တွေကို delete ပေးရပါ့မယ်။ ဒါကတော့ option က ဖျက်တာနဲ့စာရင် ccleanner softeware နဲ့ ဖြေရှင်းတာ အကောင်းဆုံးဖြစ်ပါတယ်။

၁၀) နောက်တစ်ခုကတော့ မလိုအပ်တဲ့ programs တွေကို ဖျက်ထုတ်တာဖြစ်ပါတယ်။ မိမိတို့စက်မှာ မလိုအပ်တာတွေကို မိမိတာလျင် အသိဆုံးဖြစ်မှာပါ။ မိမိcomputer က control panel ထဲက add/remove programs ထဲက မလိုတာတွေကို uninstall လုပ်လိုက်ပါ။

၁၁) နောက်တစ်ခုကတော့ files တွေကို ပြန်စီတာဖြစ်ပါတယ်။ Defragmenter ချတယ်လို့လဲခေါ်ပါတယ်။ Defragmenter ချတဲ့နေရာမှာ မိမိ Defragmenter ချတဲ့အခါ မိမိချချင်တဲ့ Disk မှာ free space 15% ရှိရပါမယ်။ မရှိရင်တော့ defragmenter ချလို့ မရပါဘူး။ လုပ်နည်းကတော့ all programs/accessories /system tool/disk defragmenter မှာ မိမိ partition ခွဲထားတစ်လောက် file တွေကို ပြန်စီလိုက်ပါ။

၁၂) နောက်တစ်ခုကတော့ မိမိ ကွန်ပျူတာမှာ error ကို check လုပ်တာပါ။ မိမိစက်မှာ error တက်နေတဲ့ program တွေကို check လုပ်လိုက်တာပါ။ ဘယ်လိုလုပ်ရသလဲဆိုရင် မိမိ error ရှာချင်တဲ့ disk ပေါ်မှာ right click ထောက်။ properties ထဲက tools မှာ error-checking အကွက်ထဲမှာ check Now ကို click ပြီ မိမိတို့လုပ်စေချင်တာကို အမှန်ခြစ်ပေးပြီ check လုပ်လိုက်ပါ။

၁၃) နောက်ဆုံးနဲ့ အရေးကြီးဆုံးအချက်ကတော့ computer ကို shutdown ချတဲ့အခါကျရင် power ဆွဲဖြုတ်ပြီးပိတ်တာမျိုးမလုပ်ပါနဲ့။



Friday, August 16, 2013

Android လောကသို့စတင်ဝင်ရောက်ခြင်း


 


တကယ်တော့ ဒါဟာအတော်လေးကို အခြေခံကျတဲ့ အခြေခံလုပ်ဆောင်ချက်တွေကို ရှင်းပြထားတာဖြစ်လို့ အခြေခံလောက် အသုံးပြုဖူးသူအတွက်တော့ လိုအပ်ချင်မှ လိုအပ်ပါမယ်။ ဒါပေမယ့် အခုမှ စကိုင်မယ့်သူတွေအတွက်ကတော့ လိုအပ်နိုင်မှာမို့ သိရှိမှတ်သားသင့်တဲ့ အချက်တွေ ပါဝင်ပါသည်။အဲဒီတော့ ပထမဆုံး မိမိလက်ထဲကို Android ဖုန်းတစ်လုံး လက်ထဲရောက်လာချိန်မှာ ဘာတွေကို စတင်လုပ်ဆောင်သင့်တယ်ဆိုတဲ့ အချက်တွေကို လူတိုင်း ကြိုတင်စဉ်းစားထားမယ်လို့ မထင်ပါဘူး။ တကယ်တော့ အခြေခံအားဖြင့် ဂိမ်းကစားတတ်တဲ့ သူက ဂိမ်းကစားမယ်။ အင်တာနက် သုံးတတ်တဲ့သူက အင်တာနက်သုံးမယ်။ ဒီအတွက် ဂိမ်းဆိုရင်လည်း ဆိုင်က ဝယ်ကတည်းက ဂိမ်းလေးတွေကို တစ်ပါတည်း ထည့်သွင်းခိုင်းမယ်။ အင်တာနက်သုံးဖို့အတွက် စဉ်းစားသူကတော့ အင်တာနက်အတွက် လိုအပ်တဲ့ Gmail, Facebook, Gtalk, Skype, Viber အစရှိတဲ့ apps တွေကို ထည့်ခိုင်းမယ်။ ထို့နောက်လိုအပ်တဲ့ မြန်မာစာဖောင့် သွင်းတာတွေ လုပ်ခိုင်းမယ်။ ဒီအဆင့်လောက်မှာပဲ ရပ်သွားတယ်။ အမှန်တကယ်တော့ ဖုန်းဝယ်ပြီ ဆိုကတည်းက ဖုန်းကို ဖုန်းပြောဖို့အတွက်လောက်တော့ အသုံးပြုဖို့ မသင့်ပါဘူး။ ဖုန်းပြောဖို့ထက် များစွာ အသုံးဝင်နိုင်တဲ့ လုပ်ဆောင်ချက်တွေ များစွာ ဖုန်းအတွင်းမှာ ပါဝင်ပြီး ဖြစ်သည်။ သို့အတွက် မိမိဝယ်ယူလိုက်တဲ့ ဖုန်းတစ်လုံးမှာ ပါဝင်တဲ့ လုပ်ဆောင်ချက်တွေကို အသုံးမပြုပဲ ဖုန်းပြောဖို့သက်သက်အတွက် ဆိုရင်တော့ ယခုခေတ်စားနေတဲ့ စမတ်ဖုန်းတွေကို ကိုင်ဖို့အတွက်တောင် မသင့်တော့ပါဘူး။ စမတ်ဖုန်းဆိုတဲ့ ရည်ရွယ်ချက်ကိုက စမတ်ကျကျနဲ့ အရာတော်တော်များများကို ဖုန်းအတွင်းကနေ လုပ်ဆောင်နိုင်စေဖို့ ဖြစ်သည်။


Google Play Store ကို အသုံးပြုခြင်း

သို့ပေမယ့် ပထမဆုံး လိုအပ်ချက်အဖြစ် အခြားအရာများကို မလုပ်ခင် ပထမဆုံးလုပ်ချင်တာလေးတွေကို ဖုန်းမှာ setting ချရပါမယ်။ အဲဒီအတွက် လိုအပ်တဲ့ လုပ်ဆောင်ချက်အဖြစ် ပထမဆုံး Google Play Store ဆိုတာကို သိဖို့ လိုအပ်သည်။ Google Play Store ဆိုတာ Android ကို တရားဝင် ထည့်သွင်းထားတဲ့ ဖုန်းများအတွက် တစ်ပါတည်း ပါဝင်ပြီးဖြစ်သော်လည်း အထူးသဖြင့် Huawei ဖုန်းများအတွက် မပါဝင်တတ်ကြပါဘူး။ ဒီအတွက် လုပ်ဆောင်စရာတွေ များစွာ လုပ်ဆောင်ဖို့ လိုအပ်နေတတ်ပြန်သည်။ ဘာကြောင့်လဲဆိုတော့ ဖုန်းအတွင်း Google Play Store ကို ထည့်သွင်းနိုင်ဖို့အတွက် Google ကနေ ပေးထားတဲ့ Google apps တွေကို ထည့်သွင်းဖို့ လိုအပ်ပြန်သည်။ အဲဒီအတွက် လိုအပ်တဲ့ Google apps တွေကိုတော့ အခြားလုပ်ဆောင်စရာ နည်းလမ်းများကနေ ရယူနိုင်သည်။ ယခုပြောမှာကတော့ Google Play Store ပါဝင်ပြီးသားဖြစ်သည့် စမတ်ဖုန်းများအတွက် ပထမဆုံးလုပ်ဆောင်ရမှာက Google Play Store ကို setup လုပ်ဖို့ဖြစ်သည်။ ဘာကြောင့်လဲဆိုတော့ Google Play Store ကနေ မိမိလိုချင်တဲ့ မိမိအတွက် အသုံးဝင်နိုင်တဲ့ apps တွေ များစွာ တိုက်ရိုက်ဒေါင်းလုပ်ရယူနိုင်တဲ့အတွက် ဖြစ်သည်။
Google Play Store ကို ဝင်ရောက်ဖို့အတွက် ပထမဆုံးလုပ်ဆောင်ရမှာက Google account တစ်ခုရှိဖို့ လိုအပ်သည်။ မိမိအနေဖြင့် ဖုန်းတစ်လုံး ကိုင်ထားမယ် အင်တာနက်စနစ်ဆိုတာကိုလည်း အထိတွေ့ရှိမယ်ဆိုရင် မိမိမှာ Google account တစ်ခုတော့ ရှိမှာဖြစ်သည်။ မရှိဘူးဆိုရင်လည်း ပြဿနာမဟုတ်ပါဘူး။ အဓိက အနေဖြင့်တော့ မိမိဖုန်းကို အင်တာနက် ချိတ်ဆက်ဖို့ လိုသည်။ ရပြီိဆိုရင် Google account တစ်ခုကို အလွယ်တကူပြုလုပ်နိုင်သည်။ အဲဒီအဆင့်တွေကတော့ ကျော်သွားပါမည်။ မဟုတ်ပါက စာရေးသူ လိုချင်သည့်အချက်ကို မရောက်နိုင်မှာ ဖြစ်သည့်အတွက် ဖြစ်သည်။ Google Play Store ကို Google account ဖြင့် အလွယ်တကူ setup လုပ်နိုင်သည့်အတွက် Google Play Store ကနေ ဘယ်လိုမျိုး apps တွေကို ရယူမလဲဆိုတာကတော့ အတော်လေး လွယ်ကူသွားပြီ ဖြစ်သည်။ အဲဒီ Google Play Store ပေါ်မှာ apps ပေါင်း ၁ ဘီလီယံကျော်ရှိနေပြီး download အကြိမ်အရေအတွက်ပေါင်း ၁၀ ဘီလီယံလောက်အထိ အသုံးပြုနေကြသည်။ အဲဒီ သန်းနဲ့ချီပြီး ရှိနေတဲ့ apps တွေထဲကနေ မိမိလိုချင်တဲ့ apps တွေကို စစ်ထုတ်လိုက်မယ် ဆိုရင်တောင်မှ အတော်များများစားစားကို ရနိုင်ပါသည်။ ဘာကြောင့်လဲဆိုတော့ မိမိအတွက် အသုံးဝင်နိုင်တဲ့ apps တွေအားလုံးနီးပါးကို apps အဖြစ် မြင်တွေ့နိုင်သည့်အတွက် ဖြစ်သည်။ ဥပမာအနေဖြင့် မိမိက သတင်းတွေကို စိတ်ဝင်စားလို့ သတင်းတွေကို news feed အနေနဲ့ ဖတ်ချင်တယ်ဆိုရင် news feed အတွက် apps တွေများစွာ ရှိနေသည်။ ထိုကဲ့သို့ပင် အခြားသော မိမိအတွက် အသုံးဝင်မည့် အဘိဓာန်လိုမျိုးတွေလည်း များစွာရှိသည်။ ဘယ်နေရာသွားသွား မိမိရောက်ရှိနေသည့် နေရာကို တိကျစွာသိနိုင်ဖို့အတွက်က Google Maps လိုမျိုး မြေပုံရှိသည်။ ထိုအပြင် အခြားသော Google Maps လိုမျိုး apps တွေလည်း များစွာ ရှိနေသည်။ ဒါဟာ ဥပမာအနေဖြင့် ပေးထားခြင်းသာဖြစ်ပြီး မလိုအပ်ဘူးဆိုရင်တော့ ကျော်သွားနိုင်သည်။

UI စနစ်ကို ပြောင်းလဲခြင်း

UI ဆိုတာကတော့ Android ရဲ့ user interface တစ်ခုဖြစ်သည့်အားလျော်စွာ အသုံးပြုသူတွေအတွက်လည်း များစွာ အသုံးချနိုင်ခွင့်ကို ပေးထားသည်။ မိမိဖုန်းရဲ့ UI ကိုမကြိုက်ဘူးဆိုရင်လည်း မပြောင်းလဲနိုင်ဖို့အတွက် အခွင့်အရေးရှိသည်။ ဒါကတော့ နောက်ခံ wallpaper ကို ပြောင်းလဲနိုင်ခြင်း၊ lock screen ရဲ့ wallpaper ကို ပြောင်းလဲနိုင်ခြင်းနှင့် ဖောင့်စတိုင် (fonts) ကိုပြောင်းလဲနိုင်ခြင်းတို့ဖြစ်သည်။ ဒီထက် ပိုမိုထူးခြားတာမျိုးဆိုရင်တော့ launcher တွေများစွာရှိပြီး Google Play Store ကနေ အခမဲ့ရဝူနိုင်ကာ မိမိရဲ့ UI ပုံစံကို ပြောင်းလဲနိုင်သည်။ ဒါကတော့ အစစ်လိုမျိုးမဟုတ်ပဲ အမြင်ပုံစံ ပြောင်းလဲနိုင်ရုံဆိုပေမယ့် တကယ်တော့ မြင်ကွင်းပုံစံကို ပြောင်းလဲနိုင်တဲ့ အတွက် အများအမြင်မှာလည်း ပြောင်းလဲသွားသလို ဖြစ်စေသည်။ ဒါက သာမန်အဆင့်မြင်ကွင်းပုံစံကို ပြောင်းလဲခြင်းဖြစ်သည်။ ဒီအတွက် menu ကနေ setting ကနေတစ်ဆင့် display လိုနေရာမျိုးကနေ တစ်ဆင့် wallpaper, lock screen, fonts, launcher အစရှိတာတွေကို ပြုပြင်နိုင်သည်။ ဒါဟာ သာမန်ဖုန်းတစ်လုံးအတွက် အလုပ်လုပ်နိုင်တဲ့ ပြုပြင်မှုများဖြစ်သည်။ အဲဒီအတွက် နာမည်ကြီးတဲ့ launcher တွေလည်း များစွာ ရှိနိုင်သည့်အတွက် Google Play Store ကနေ ရှာဖွေနိုင်သည်။

Web Browsers

Web Browser ဆိုတာကတော့ အင်တာနက်သုံးဖို့အတွက် လိုအပ်မယ်လို့ ထင်သည်။ ဘာကြောင့်လဲဆိုတော့ သူ့မှာ ပါဝင်လာတက်တဲ့ browser တွေက မြန်မာဝက်ဆိုက်တွေကို ကြည့်ရင် မြန်မာစာဖောင့်တွေ မပါတာမျိုးဖြစ်တက်သည်။ ထို့ကြောင့် browser စစ်စစ် ကောင်းကောင်းလေးတစ်ခုဖြစ်ဖြစ် တင်ထားသင့်သည်။ ဘယ်လို browser ကို အသုံးပြုမယ်ဆိုတာကတော့ မိမိအသုံးပြုချင်တဲ့ အပေါ်မူတည်ပြီး စာရေးသူတင်ပြချင်တဲ့ browser ကတော့ မြန်မာ developer တွေ လုပ်ထားတဲ့ မြန်မာ browser တွေလည်း ရှိသည်။ သို့အတွက် အဲဒီ browser တွေကို ရွေးချယ်တင်ထားမယ်ဆိုရင် မြန်မာစာဖောင့်ကို ကောင်းကောင်းမြင်နိုင်မယ်လို့ ခန့်မှန်းမိသည်။ မြန်မာစာဖောင့်အတွက် အဆင်ပြေတဲ့ browser တွေကတော့ 1st Myanmar browser, MyanBrowser, FreeBrowser, Browser4MM, Mandalay browser အစရှိတဲ့ browser တွေများစွာ ရှိသည်။ ထို့နောက် မိမိကြိုက်နှစ်သက်ရာကို ထည့်သွင်း အသုံးပြုနိုင်သည်။

အခြားထည့်သွင်းသင့်သည့် apps များ

စမတ်ဖုန်းတစ်လုံး ကိုင်ပြီဆိုတာနဲ့ အနည်းဆုံးတော့ ကင်မရာရိုက်မယ်။ ဗီဒီယိုဖိုင်တွေကို ကြည့်မယ်ဆိုတဲ့ လုပ်ဆောင်ချက်တွေကိုတော့ လုပ်ဆောင်ကြမှာပါ။ ဒီတော့ ဗီဒီယိုဖိုင်ကို ကြည့်ဖို့အတွက်ဆိုရင် ပထမဆုံးပေးချင်တဲ့ music player ကတော့ MX player ဖြစ်သည်။ သူ့ရဲ့ လုပ်ဆောင်ချက်တွေဟာ အထူးကောင်းမွန်သလို ဗီဒီယိုဖိုင်တွေဖွင့်နိုင်တဲ့ player တွေထဲမှာလည်း အထူးကောင်းမွန်တဲ့ player ပဲဖြစ်သည်။ နောက်တစ်ခုကတော့ BS player ဆိုတာဖြစ်သည်။ အခြားကောင်းမွန်တဲ့ player တွေလည်း ရှိသေးသည့်အတွက် Google play store မှာ တိုက်ရိုက် player ဆိုပြီး ရှာဖွေကြည့်နိုင်သည်။
Social network နှင့် ဆိုင်တာမျိုးဆိုရင်တော့ ပထမဆုံး လိုအပ်မှာက facebook, twitter တို့ဖြစ်ပြီး အလွယ်တကူ အသုံးပြုနိုင်တဲ့ apps များဖြစ်သည်။ နောက်ထပ်တစ်ခုကတော့ Gtalk ဖြစ်သည်။ တကယ်လို့ Gtalk ကို မသွင်းနိုင်တဲ့ ဖုန်းတွေမှာဆိုရင်တော့ အခြား messanger တွေရှိသည်။ ဒီထက်ပိုပြီး လိုချင်ရင်တော့ အခြားလုပ်ဆောင်ချက်တွေများစွာ ပါဝင်သည့် apps များကို တိုက်ရိုက် ရှာဖွေနိုင်သည်။ နောက်တစ်ခုကတော့ ကင်မရာ ရိုက်ကူးနိုင်တဲ့ ဖုန်းတွေမှာ ကင်မရာဆိုတာပါလာတဲ့အတွက် ကင်မရာလည်း ရိုက်ကူးတက်ကြသည်။ သို့အတွက် အကောင်းဆုံးကင်မရာ apps တွေလည်းများစွာရှိနေသည်။ အခမဲ့ပေးထားတဲ့ apps တွေ များစွာရှိသလို ငွေပေးဝယ်ရတဲ့ apps တွေလည်းများစွာရှိသည်။ သို့အတွက် ဖုန်းအတွင်းမှာ ထည့်သွင်းထားတဲ့ ကင်မရာဟာ ကောင်းမွန်တယ်လို့ ဆိုနိုင်ပေမယ့် အခြားသူထက် ကောင်းမွန်တဲ့ apps တွေ များစွာရှိနေသည့်အတွက် မိမိကိုယ်တိုင် တိုက်ရိုက်ရှာဖွေနိုင်သည်။
တို့အတူပဲ မိမိဖုန်းအတွက် အခြားလုပ်ဆောင်နိုင်တဲ့ လုပ်ဆောင်နိုင်စွမ်း များစွာရှိနေသည့်အတွက် android ဖုန်းတစ်လုံး ဝယ်ထားပြီဆိုရင် အကောင်းဆုံးကတော့ မိမိဖုန်းမှာ ဘာတွေလုပ်ဆောင်နိုင်လဲဆိုတာကို သိဖို့လိုသည်။ ထို့အတူ သိပြီးရင်လည်း အသုံးချဖို့လိုသည်။ သို့မဟုတ်ပါက android ဖုန်းတစ်လုံးကို ဝယ်ထားပြီး ဘာမှအသုံးမပြုဘူးဆိုရင် ဘာမှလည်း အသုံးမဝင်ပဲ ဖုန်းပြောဖို့လောက်သာ ဂိမ်းဆော့ဖို့လောက်သာ အသုံးဝင်တော့မှာ ဖြစ်သည်။

မိုးဆက်ကို
Ref & Credit to Smart Pro Journal