Monday, October 26, 2015

Access Control List (ACL)


          ACL ကို Firewall function သဖွယ်အလုပ်လုပ်စေဖို့အတွက် cisco ကနေ develop လုပ်ခဲ့တယ်။ ACL မှာဘာလုပ်ရမယ်ဆိုတဲ့ ညွှန်ကြားချက်တွေကို အစီစဉ်အလိုက်စုစည်းထားတယ်။ ဒါပေမဲ့ ACL ရဲ့လုပ်ဆောင်နိုင်စွမ်းကတော့ ကန့်သန့်ချက်ရှိတယ်ဗျ။ ဒါ့ကြောင့် ACL ကိုအသုံးပြုမယ်ဆိုရင် host အနည်းငယ်သာလျှင် filter လုပ်ချင်တဲ့ network မျိုးမှာသာသုံးပါလို့ recommend ပေးထားပါတယ်။ maximum ဆိုရင် class network တစ်ခုပေါ့ဗျာ။ ဒီတော့ ACL မှာပါဝင်တဲ့ ညွှန်ကြားချက်တွေဆိုတာဘာတွေလဲ။ ဒါတွေကတော့ ဘယ် traffic ကိုတော့ဖြင့် filter လုပ်မယ်ဆိုတဲ့ deny ဆိုတဲ့ ညွှန်ကြားချက်တွေနဲ့ ဘယ် traffic ကိုတော့ဖြင့် allow လုပ်မယ်ဆိုတဲ့ permit ဆိုတဲ့ ညွှန်ကြားချက်တွေပဲဖြစ်ပါတယ်။
ACL နှစ်မျိုးရှိတယ်။

1)    Standard ACL နဲ့
2)    Extended ACL တို့ပဲဖြစ်ပါတယ်။

ဒီတော့ ကျွန်တော်တို့အနေနဲ့ ACL ကိုဖန်တီးရာမှာ နှစ်မျိုးရှိတယ်လို့သိထားရမှာပေါ့။ ယေဘုယအားဖြင့်ဆိုရရင် standard ACL က source ကိုအဓိကထားပြီး filter လုပ်ပါတယ်။ ပြီးတော့ သူက အသေးစိတ် filtering တော့မလုပ်နိုင်ဘူးဗျ။ ဥပမာ ကျွန်တော့် network ထဲမှာရှိတဲ့ computer အချို့ကို အခြား network တွေနဲ့ မချိတ်ဆက်စေချင်ဘူးဆိုတဲ့ ရိုးရှင်းတဲ့ filter လုပ်ချင်တယ်ဆိုရင်တော့ standard ACl ကိုသုံးနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်က သူတို့ကို အခြား mail တို့ ftp server တို့ကိုတော့ ပေးသုံးချင်တယ်၊ ဒါပေမဲ့ အင်တာနက်တော့ ပေးမသုံးချင်ဘူးဆိုတဲ့ အသေးစိတ်ကျတဲ့ filtering လုပ်ခြင်းမှာတော့ standard ACL ကဆောင်ရွက်ပေးနိုင်မှာမဟုတ်တော့ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ standard ACL source ကိုသာပိတ်ပြစ်တာဖြစ်ပါတယ်။ extended ACL ကတော့ destination ip တွေနဲ့ port တွေ protocol တွေကိုပါပိတ်ပြစ်တာပါ။ ဘယ်လိုလဲဆိုတော့ အခြား network မှာရှိတဲ့ mail service တို့ FTP service တို့ကိုတော့ ပေးသုံးလိုက်မယ်။ ဒါပေမဲ့ http https စတဲ့ port no 80 နဲ့ 443 တို့နဲ့ လာတဲ့ traffic တွေကိုတော့ သုံးခွင့်မပေးဘူးလို့ အသေးစိတ်သတ်မှတ်ထားလို့ပါပဲ။ အိုခေး? ကျွန်တော်တို့က standard တို့ extended ACL တို့သာပြောနေတာ router မှာ configure လုပ်တဲ့အခါကျရင် သူက number တွေနဲ့ သတ်မှတ်ထားတာဗျ။ ဒီလိုပေါ့။

1)    Standard ACL ( 1-99)
2)    Extended ACL (100-199)

အဲ့တော့ ACL တည်ဆောက်တဲ့အခါမှာ no 1 ကနေ 99 အတွင်းသုံးခဲ့ရင် ဒါကို router က standard ACL လို့သိတယ်။ မဟုတ်ပဲ 100 ကနေ 199 အတွင်းသုံးတယ်ဆိုရင်တော့ extended ACL လို့သိပြီး filter လုပ်ပေးတာပေါ့။ ဒါ့အပြင် standard နဲ့ extended ACL no တွေကို နောက်ပိုင်း devices တွေမှာချဲ့ထွင်ပေးခဲ့တယ်ဗျ။ ဒါကို expanded standard ACL နဲ့ expanded extended ACL လို့ခေါ်တာပေါ့။ သူတို့ရဲ့ no တွေကတော့

1)    Expanded standard ACL (1300-1999)
2)    Expanded extended ACL (2000- 2699) တို့ပဲဖြစ်ပါတယ်။

ဒီတော့ ကျွန်တော်တို့က standard ACL ကိုသုံးချင်ရင် 1-99 အပြင် 1300-1999 အထိသုံးလို့ရမယ်။ extended ACL ကိုသုံးချင်ရင်တော့ 100-199 အပြင် 2000-2699 အထိသုံးလို့ရတယ်လို့သိထားရမယ်ပေါ့။ ပြီးတော့ ထပ်သိထားရမှာက ACL ကိုတည်ဆောက်ပြီးတာနဲ့ filter ချက်ချင်းလုပ်မှာမဟုတ်ပါဘူး။ ဒီ့အတွက် interface တွေမှာ assingn လုပ်ဖို့လိုအပ်ပါတယ်။ ACL ကိုတည်ဆောက်တဲ့အခါသုံးရမယ့် command syntax ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

Configuration Syntax
access-list access-list-number {permit | deny} source {source-mask}

Apply ACL to an interface

ip access-group access-list-number {in | out}

No comments:

Post a Comment