Thursday, December 10, 2015

MAC Address & IP Address

Media Access Control (MAC) address တစ်ခုသည် 48 bits ရှိသော address တစ်ခုဖြစ်ပါတယ်။ ၎င်းကို Ethernet နည်းပညာကိုသုံးပြီးတည်ဆောက်ထားတဲ့ network တွေမှာ host နှစ်ခုကိုအဆက်အ သွယ်လုပ်ဖို့ သုံးပါတယ်။ သူက Hardware Address ဖြစ်တဲ့အတွက်ကြောင့် network card ရဲ့ Firmware ထဲမှာ သိမ်းထားပါတယ်။
MAC address တစ်ခုကို globaly unique ဖြစ်တယ်လို့ယူဆလို့ရတယ်။ Network card ထုတ်လုပ်သူတစ်ယောက်ချင်းစီဟာ ၎င်း address တွေရဲ့ ဝေစုတွေကိုရကြတယ်(First 24 bits နဲ့ကိုယ်စားပြုပါတယ်)။

MAC address ကို 12 hexadecimal digits နဲ့ရေးတယ်။ နမူနာအတွက် အောက်က address ကိုကြည့်ပါ။

D8-D3-85-EB-12-E3

Hexadecimal character တိုင်းသည် 4 bits ကိုကိုယ်စားပြုတယ်။ ဒါကြောင့် ပထမ six hexadecimal character  သည် network card ထုတ်လုပ်သူကိုကိုယ်စားပြုပါတယ်။ (ဒီ address တွင် ထုတ်လုပ်သူသည် Hewlett Packard ဖြစ်တယ်။

ကိုယ့် MAC Address ကိုဘယ်လိုရှာမလဲ?
Window user ဆိုရင် command prompt ထဲကိုဝင်ပြီး ipconfig /all လို့ရိုက်ပြီး enter နှိပ်လိုက်ပါ။ Ethernet Adaptor setting အောက်မှာ physical address ကိုတွေ့ရပါလိမ့်မယ်။


Linux user ကတော့ ifconfig ကိုသုံးပြီးကြည့်နိုင်ပါတယ်။ ခင်ဗျားရဲ့ MAC address ကို HWaddress အနေနဲ့ဖော်ပြပါလိမ့်မယ်။



IP Address
IP Address တစ်ခုဆိုတာ network တစ်ခုပေါ်မှာရှိတဲ့ host တစ်ခုကို သတ်မှတ်ပေးတဲ့ 32 bits number တစ်ခုပဲဖြစ်ပါတယ်။ Period တွေနဲ့ခွဲခြားထားသော decimal number လေးလုံးပုံစံနဲ့ အများအားဖြင့် ရေးကြပါတယ်။
MAC address နဲ့ယှဉ်ကြည့်ရင်, ip address ဆိုတာ logical address ဖြစ်တယ်။ TCP/IP ကိုသုံးပြီး အခြား device တွေနဲ့အဆက်အသွယ်ရချင်တဲ့ မည်သည့် device မဆို IP address တစ်ခုရှိဖို့လိုအပ်တယ်။ IP address ကို ကိုယ်တိုင်လည်း configure လုပ်နိုင်သလို DHCP server မှနေပြီးတော့လည်းရရှိနိုင်ပါတယ်။
IP address ဆိုတဲ့ စကားရပ် ကို အများအားဖြင့် IPv4 အတွက်အသုံးပြုကြပါတယ်။ IPv4 သည် IP Protocol version 4 ဖြစ်တယ်။ IP Protocol version အသစ်တစ်ခုရှိပါတယ်၊ အဲဒါကတော့ IPv6 ပါ၊ 128 bits addressing နဲ့သုံးပါတယ်။
Private IP Addresses
Private network တစ်ခုမှာသုံးနိုင်သော address range သုံမျိုးရှိပါတယ်။ (ဥပမာ- ခင်ဗျားရဲ့ Home LAN) ၊ ဒီ address တွေဟာ အင်တာနက်ပေါ်မှာ route လို့မရပါဘူး။
Private Addresses Ranges:
10.0.0.0 – 10.255.255.255
172.16.0.0 – 172.31.255.255
192.168.0.0 – 192.168.255.255

ကိုယ့် IP Address ကိုဘယ်လိုပြန်ရှာမလဲ?
ဝင်းဒိုးအသုံးပြုသူများအတွက်
Command prompt ကိုဝင်လိုက်ပါ(Window Key+R > cmd (type in box) > Enter)
ပြီးရင် ipconfig လို့ရိုက်ပြီး Enter နှိပ်ပါ။
Ip address field ကိုတွေ့ရပါလိမ့်မယ်။



 Linux user များအတွက် Ifconfig ကိုရိုက်ထည့်ပါ။ inet addr: ဆိုတဲ့ field ကိုတွေ့ရပါလိမ့်မယ်။



Thank You !

1 comment: