တကယ်တော့ ဒါဟာအတော်လေးကို အခြေခံကျတဲ့ အခြေခံလုပ်ဆောင်ချက်တွေကို ရှင်းပြထားတာဖြစ်လို့ အခြေခံလောက် အသုံးပြုဖူးသူအတွက်တော့ လိုအပ်ချင်မှ လိုအပ်ပါမယ်။ ဒါပေမယ့် အခုမှ စကိုင်မယ့်သူတွေအတွက်ကတော့ လိုအပ်နိုင်မှာမို့ သိရှိမှတ်သားသင့်တဲ့ အချက်တွေ ပါဝင်ပါသည်။အဲဒီတော့ ပထမဆုံး မိမိလက်ထဲကို Android ဖုန်းတစ်လုံး လက်ထဲရောက်လာချိန်မှာ ဘာတွေကို စတင်လုပ်ဆောင်သင့်တယ်ဆိုတဲ့ အချက်တွေကို လူတိုင်း ကြိုတင်စဉ်းစားထားမယ်လို့ မထင်ပါဘူး။ တကယ်တော့ အခြေခံအားဖြင့် ဂိမ်းကစားတတ်တဲ့ သူက ဂိမ်းကစားမယ်။ အင်တာနက် သုံးတတ်တဲ့သူက အင်တာနက်သုံးမယ်။ ဒီအတွက် ဂိမ်းဆိုရင်လည်း ဆိုင်က ဝယ်ကတည်းက ဂိမ်းလေးတွေကို တစ်ပါတည်း ထည့်သွင်းခိုင်းမယ်။ အင်တာနက်သုံးဖို့အတွက် စဉ်းစားသူကတော့ အင်တာနက်အတွက် လိုအပ်တဲ့ Gmail, Facebook, Gtalk, Skype, Viber အစရှိတဲ့ apps တွေကို ထည့်ခိုင်းမယ်။ ထို့နောက်လိုအပ်တဲ့ မြန်မာစာဖောင့် သွင်းတာတွေ လုပ်ခိုင်းမယ်။ ဒီအဆင့်လောက်မှာပဲ ရပ်သွားတယ်။ အမှန်တကယ်တော့ ဖုန်းဝယ်ပြီ ဆိုကတည်းက ဖုန်းကို ဖုန်းပြောဖို့အတွက်လောက်တော့ အသုံးပြုဖို့ မသင့်ပါဘူး။ ဖုန်းပြောဖို့ထက် များစွာ အသုံးဝင်နိုင်တဲ့ လုပ်ဆောင်ချက်တွေ များစွာ ဖုန်းအတွင်းမှာ ပါဝင်ပြီး ဖြစ်သည်။ သို့အတွက် မိမိဝယ်ယူလိုက်တဲ့ ဖုန်းတစ်လုံးမှာ ပါဝင်တဲ့ လုပ်ဆောင်ချက်တွေကို အသုံးမပြုပဲ ဖုန်းပြောဖို့သက်သက်အတွက် ဆိုရင်တော့ ယခုခေတ်စားနေတဲ့ စမတ်ဖုန်းတွေကို ကိုင်ဖို့အတွက်တောင် မသင့်တော့ပါဘူး။ စမတ်ဖုန်းဆိုတဲ့ ရည်ရွယ်ချက်ကိုက စမတ်ကျကျနဲ့ အရာတော်တော်များများကို ဖုန်းအတွင်းကနေ လုပ်ဆောင်နိုင်စေဖို့ ဖြစ်သည်။
Google Play Store ကို အသုံးပြုခြင်း
သို့ပေမယ့် ပထမဆုံး လိုအပ်ချက်အဖြစ် အခြားအရာများကို မလုပ်ခင်
ပထမဆုံးလုပ်ချင်တာလေးတွေကို ဖုန်းမှာ setting ချရပါမယ်။ အဲဒီအတွက်
လိုအပ်တဲ့ လုပ်ဆောင်ချက်အဖြစ် ပထမဆုံး Google Play Store ဆိုတာကို သိဖို့
လိုအပ်သည်။ Google Play Store ဆိုတာ Android ကို တရားဝင် ထည့်သွင်းထားတဲ့
ဖုန်းများအတွက် တစ်ပါတည်း ပါဝင်ပြီးဖြစ်သော်လည်း အထူးသဖြင့် Huawei
ဖုန်းများအတွက် မပါဝင်တတ်ကြပါဘူး။ ဒီအတွက် လုပ်ဆောင်စရာတွေ များစွာ
လုပ်ဆောင်ဖို့ လိုအပ်နေတတ်ပြန်သည်။ ဘာကြောင့်လဲဆိုတော့ ဖုန်းအတွင်း Google
Play Store ကို ထည့်သွင်းနိုင်ဖို့အတွက် Google ကနေ ပေးထားတဲ့ Google apps
တွေကို ထည့်သွင်းဖို့ လိုအပ်ပြန်သည်။ အဲဒီအတွက် လိုအပ်တဲ့ Google apps
တွေကိုတော့ အခြားလုပ်ဆောင်စရာ နည်းလမ်းများကနေ ရယူနိုင်သည်။
ယခုပြောမှာကတော့ Google Play Store ပါဝင်ပြီးသားဖြစ်သည့်
စမတ်ဖုန်းများအတွက် ပထမဆုံးလုပ်ဆောင်ရမှာက Google Play Store ကို setup
လုပ်ဖို့ဖြစ်သည်။ ဘာကြောင့်လဲဆိုတော့ Google Play Store ကနေ မိမိလိုချင်တဲ့
မိမိအတွက် အသုံးဝင်နိုင်တဲ့ apps တွေ များစွာ
တိုက်ရိုက်ဒေါင်းလုပ်ရယူနိုင်တဲ့အတွက် ဖြစ်သည်။
Google Play Store ကို ဝင်ရောက်ဖို့အတွက် ပထမဆုံးလုပ်ဆောင်ရမှာက Google
account တစ်ခုရှိဖို့ လိုအပ်သည်။ မိမိအနေဖြင့် ဖုန်းတစ်လုံး ကိုင်ထားမယ်
အင်တာနက်စနစ်ဆိုတာကိုလည်း အထိတွေ့ရှိမယ်ဆိုရင် မိမိမှာ Google account
တစ်ခုတော့ ရှိမှာဖြစ်သည်။ မရှိဘူးဆိုရင်လည်း ပြဿနာမဟုတ်ပါဘူး။ အဓိက
အနေဖြင့်တော့ မိမိဖုန်းကို အင်တာနက် ချိတ်ဆက်ဖို့ လိုသည်။ ရပြီိဆိုရင်
Google account တစ်ခုကို အလွယ်တကူပြုလုပ်နိုင်သည်။ အဲဒီအဆင့်တွေကတော့
ကျော်သွားပါမည်။ မဟုတ်ပါက စာရေးသူ လိုချင်သည့်အချက်ကို မရောက်နိုင်မှာ
ဖြစ်သည့်အတွက် ဖြစ်သည်။ Google Play Store ကို Google account ဖြင့်
အလွယ်တကူ setup လုပ်နိုင်သည့်အတွက် Google Play Store ကနေ ဘယ်လိုမျိုး apps
တွေကို ရယူမလဲဆိုတာကတော့ အတော်လေး လွယ်ကူသွားပြီ ဖြစ်သည်။ အဲဒီ Google
Play Store ပေါ်မှာ apps ပေါင်း ၁ ဘီလီယံကျော်ရှိနေပြီး download
အကြိမ်အရေအတွက်ပေါင်း ၁၀ ဘီလီယံလောက်အထိ အသုံးပြုနေကြသည်။ အဲဒီ
သန်းနဲ့ချီပြီး ရှိနေတဲ့ apps တွေထဲကနေ မိမိလိုချင်တဲ့ apps တွေကို
စစ်ထုတ်လိုက်မယ် ဆိုရင်တောင်မှ အတော်များများစားစားကို ရနိုင်ပါသည်။
ဘာကြောင့်လဲဆိုတော့ မိမိအတွက် အသုံးဝင်နိုင်တဲ့ apps တွေအားလုံးနီးပါးကို
apps အဖြစ် မြင်တွေ့နိုင်သည့်အတွက် ဖြစ်သည်။ ဥပမာအနေဖြင့် မိမိက
သတင်းတွေကို စိတ်ဝင်စားလို့ သတင်းတွေကို news feed အနေနဲ့ ဖတ်ချင်တယ်ဆိုရင်
news feed အတွက် apps တွေများစွာ ရှိနေသည်။ ထိုကဲ့သို့ပင် အခြားသော
မိမိအတွက် အသုံးဝင်မည့် အဘိဓာန်လိုမျိုးတွေလည်း များစွာရှိသည်။
ဘယ်နေရာသွားသွား မိမိရောက်ရှိနေသည့် နေရာကို တိကျစွာသိနိုင်ဖို့အတွက်က
Google Maps လိုမျိုး မြေပုံရှိသည်။ ထိုအပြင် အခြားသော Google Maps
လိုမျိုး apps တွေလည်း များစွာ ရှိနေသည်။ ဒါဟာ ဥပမာအနေဖြင့်
ပေးထားခြင်းသာဖြစ်ပြီး မလိုအပ်ဘူးဆိုရင်တော့ ကျော်သွားနိုင်သည်။
UI စနစ်ကို ပြောင်းလဲခြင်း
UI ဆိုတာကတော့ Android ရဲ့ user interface တစ်ခုဖြစ်သည့်အားလျော်စွာ
အသုံးပြုသူတွေအတွက်လည်း များစွာ အသုံးချနိုင်ခွင့်ကို ပေးထားသည်။
မိမိဖုန်းရဲ့ UI ကိုမကြိုက်ဘူးဆိုရင်လည်း မပြောင်းလဲနိုင်ဖို့အတွက်
အခွင့်အရေးရှိသည်။ ဒါကတော့ နောက်ခံ wallpaper ကို ပြောင်းလဲနိုင်ခြင်း၊
lock screen ရဲ့ wallpaper ကို ပြောင်းလဲနိုင်ခြင်းနှင့် ဖောင့်စတိုင်
(fonts) ကိုပြောင်းလဲနိုင်ခြင်းတို့ဖြစ်သည်။ ဒီထက်
ပိုမိုထူးခြားတာမျိုးဆိုရင်တော့ launcher တွေများစွာရှိပြီး Google Play
Store ကနေ အခမဲ့ရဝူနိုင်ကာ မိမိရဲ့ UI ပုံစံကို ပြောင်းလဲနိုင်သည်။ ဒါကတော့
အစစ်လိုမျိုးမဟုတ်ပဲ အမြင်ပုံစံ ပြောင်းလဲနိုင်ရုံဆိုပေမယ့် တကယ်တော့
မြင်ကွင်းပုံစံကို ပြောင်းလဲနိုင်တဲ့ အတွက် အများအမြင်မှာလည်း
ပြောင်းလဲသွားသလို ဖြစ်စေသည်။ ဒါက သာမန်အဆင့်မြင်ကွင်းပုံစံကို
ပြောင်းလဲခြင်းဖြစ်သည်။ ဒီအတွက် menu ကနေ setting ကနေတစ်ဆင့် display
လိုနေရာမျိုးကနေ တစ်ဆင့် wallpaper, lock screen, fonts, launcher
အစရှိတာတွေကို ပြုပြင်နိုင်သည်။ ဒါဟာ သာမန်ဖုန်းတစ်လုံးအတွက်
အလုပ်လုပ်နိုင်တဲ့ ပြုပြင်မှုများဖြစ်သည်။ အဲဒီအတွက် နာမည်ကြီးတဲ့ launcher
တွေလည်း များစွာ ရှိနိုင်သည့်အတွက် Google Play Store ကနေ ရှာဖွေနိုင်သည်။
Web Browsers
Web Browser ဆိုတာကတော့ အင်တာနက်သုံးဖို့အတွက် လိုအပ်မယ်လို့ ထင်သည်။
ဘာကြောင့်လဲဆိုတော့ သူ့မှာ ပါဝင်လာတက်တဲ့ browser တွေက
မြန်မာဝက်ဆိုက်တွေကို ကြည့်ရင် မြန်မာစာဖောင့်တွေ မပါတာမျိုးဖြစ်တက်သည်။
ထို့ကြောင့် browser စစ်စစ် ကောင်းကောင်းလေးတစ်ခုဖြစ်ဖြစ် တင်ထားသင့်သည်။
ဘယ်လို browser ကို အသုံးပြုမယ်ဆိုတာကတော့ မိမိအသုံးပြုချင်တဲ့
အပေါ်မူတည်ပြီး စာရေးသူတင်ပြချင်တဲ့ browser ကတော့ မြန်မာ developer တွေ
လုပ်ထားတဲ့ မြန်မာ browser တွေလည်း ရှိသည်။ သို့အတွက် အဲဒီ browser တွေကို
ရွေးချယ်တင်ထားမယ်ဆိုရင် မြန်မာစာဖောင့်ကို ကောင်းကောင်းမြင်နိုင်မယ်လို့
ခန့်မှန်းမိသည်။ မြန်မာစာဖောင့်အတွက် အဆင်ပြေတဲ့ browser တွေကတော့ 1st
Myanmar browser, MyanBrowser, FreeBrowser, Browser4MM, Mandalay browser
အစရှိတဲ့ browser တွေများစွာ ရှိသည်။ ထို့နောက် မိမိကြိုက်နှစ်သက်ရာကို
ထည့်သွင်း အသုံးပြုနိုင်သည်။
အခြားထည့်သွင်းသင့်သည့် apps များ
စမတ်ဖုန်းတစ်လုံး ကိုင်ပြီဆိုတာနဲ့ အနည်းဆုံးတော့ ကင်မရာရိုက်မယ်။
ဗီဒီယိုဖိုင်တွေကို ကြည့်မယ်ဆိုတဲ့ လုပ်ဆောင်ချက်တွေကိုတော့
လုပ်ဆောင်ကြမှာပါ။ ဒီတော့ ဗီဒီယိုဖိုင်ကို ကြည့်ဖို့အတွက်ဆိုရင်
ပထမဆုံးပေးချင်တဲ့ music player ကတော့ MX player ဖြစ်သည်။ သူ့ရဲ့
လုပ်ဆောင်ချက်တွေဟာ အထူးကောင်းမွန်သလို ဗီဒီယိုဖိုင်တွေဖွင့်နိုင်တဲ့
player တွေထဲမှာလည်း အထူးကောင်းမွန်တဲ့ player ပဲဖြစ်သည်။ နောက်တစ်ခုကတော့
BS player ဆိုတာဖြစ်သည်။ အခြားကောင်းမွန်တဲ့ player တွေလည်း
ရှိသေးသည့်အတွက် Google play store မှာ တိုက်ရိုက် player ဆိုပြီး
ရှာဖွေကြည့်နိုင်သည်။
Social network နှင့် ဆိုင်တာမျိုးဆိုရင်တော့ ပထမဆုံး လိုအပ်မှာက
facebook, twitter တို့ဖြစ်ပြီး အလွယ်တကူ အသုံးပြုနိုင်တဲ့ apps
များဖြစ်သည်။ နောက်ထပ်တစ်ခုကတော့ Gtalk ဖြစ်သည်။ တကယ်လို့ Gtalk ကို
မသွင်းနိုင်တဲ့ ဖုန်းတွေမှာဆိုရင်တော့ အခြား messanger တွေရှိသည်။
ဒီထက်ပိုပြီး လိုချင်ရင်တော့ အခြားလုပ်ဆောင်ချက်တွေများစွာ ပါဝင်သည့် apps
များကို တိုက်ရိုက် ရှာဖွေနိုင်သည်။ နောက်တစ်ခုကတော့ ကင်မရာ
ရိုက်ကူးနိုင်တဲ့ ဖုန်းတွေမှာ ကင်မရာဆိုတာပါလာတဲ့အတွက် ကင်မရာလည်း
ရိုက်ကူးတက်ကြသည်။ သို့အတွက် အကောင်းဆုံးကင်မရာ apps
တွေလည်းများစွာရှိနေသည်။ အခမဲ့ပေးထားတဲ့ apps တွေ များစွာရှိသလို
ငွေပေးဝယ်ရတဲ့ apps တွေလည်းများစွာရှိသည်။ သို့အတွက် ဖုန်းအတွင်းမှာ
ထည့်သွင်းထားတဲ့ ကင်မရာဟာ ကောင်းမွန်တယ်လို့ ဆိုနိုင်ပေမယ့် အခြားသူထက်
ကောင်းမွန်တဲ့ apps တွေ များစွာရှိနေသည့်အတွက် မိမိကိုယ်တိုင်
တိုက်ရိုက်ရှာဖွေနိုင်သည်။
တို့အတူပဲ မိမိဖုန်းအတွက် အခြားလုပ်ဆောင်နိုင်တဲ့ လုပ်ဆောင်နိုင်စွမ်း
များစွာရှိနေသည့်အတွက် android ဖုန်းတစ်လုံး ဝယ်ထားပြီဆိုရင်
အကောင်းဆုံးကတော့ မိမိဖုန်းမှာ ဘာတွေလုပ်ဆောင်နိုင်လဲဆိုတာကို
သိဖို့လိုသည်။ ထို့အတူ သိပြီးရင်လည်း အသုံးချဖို့လိုသည်။ သို့မဟုတ်ပါက
android ဖုန်းတစ်လုံးကို ဝယ်ထားပြီး ဘာမှအသုံးမပြုဘူးဆိုရင် ဘာမှလည်း
အသုံးမဝင်ပဲ ဖုန်းပြောဖို့လောက်သာ ဂိမ်းဆော့ဖို့လောက်သာ အသုံးဝင်တော့မှာ
ဖြစ်သည်။
မိုးဆက်ကို
မိုးဆက်ကို
Ref & Credit to Smart Pro Journal
No comments:
Post a Comment