နောက်ပိုင်း lab တွေလုပ်တဲ့အခါမှာ
spanning tree protocol နဲ့ပါတ်သက်ပြီးတော့ ပြောစရာတွေရှိ လာတယ်။ lab တွေထဲမှာထည့်ပြောပြန်ရင်လည်း
စာရှည်တယ်။ လိုရင်းလည်းမရောက်တော့ဘူး။ ဒီတော့ ကျွန်တော် STP အကြောင်းကို အပိုင်းလေးတွေခွဲပြီးပြောပြမယ်။
မေးခွန်းလေးတွေနဲ့ကျွန်တော်ရှင်းပြပါ့မယ်။ အိုခေ။
STP
ဆိုတာဘာလဲ?
Switching loop မဖြစ်လာအောင်ပြုလုပ်ပေးတဲ့
protocol ပဲဖြစ်ပါတယ်။ သူ့ကို switch တွေမှာသုံးတယ်။
STP
ကဘာတွေလုပ်ပေးတာလဲ?
Switching loop မဖြစ်အောင်လုပ်ပေးတာပါ။ ဒီနေရာမှာ
switching loop ဆိုတာဘာလဲဆိုတော့ အောက်ကပုံကိုအရင်ကြည့်ရအောင်။ ဒါကို simple
network ဒါမှမဟုတ် switched network လို့ခေါ်ရမှာပေါ့။
အဲပုံမှာတွေ့လား။
switch နှစ်လုံးကြား uplink ကို နှစ်ချောင်းထိုးထားတယ်။ ဘာ့ကြောင့် uplink ကို နှစ်ချောင်းထိုးထားသလဲဆိုတော့
fault tolerance ရှိအောင်လို့ပါ။ ရှင်းရှင်းပြောရရင် တကယ်လို့မှာ uplink နှစ်ချောင်းမှာ
တစ်ချောင်းက အကြောင်းအမျိုးမျိုးကြောင့် ဆက်သွယ်မှုပြတ်တောက်သွားခဲ့ရင် network
down မသွားအောင် နောက်တစ်ကြိုးက ဆက်ပြီးလုပ်ဆောင်ပေးဖို့အတွက်သုံးတာပါ။ ရည်ရွယ်ချက်ကလည်း
ကောင်းတယ်။ လိုလည်းလိုအပ်တဲ့လုပ်ဆောင်မှုတစ်ခုပါ။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ ဒီလို
redundant path ထားလိုက်ခြင်းဟာ switching loop ကိုဖြစ်ပေါ်လာစေဖို့အကြောင်းဖန်လာခဲ့ပါတယ်။
switch ဟာ host တွေက သက်ဆိုင်ရာ network ထဲမှာရှိတဲ့ အခြား host တွေနဲ့ အပြန်အလှန်
ဆက်သွယ်မှုတွေပြုလုပ်တဲ့အခါမှာ ကြားခံဆက်သွယ်ပေးတယ်။ ဘယ်လိုလဲဆိုတော့ သက်ဆိုင်ရာ
host တွေရဲ့ MAC address တွေကို MAC table ထဲမှာမှတ်သားပြီး သူ့ဆီကိုရောက်လာတဲ့
frame ရဲ့ destination MAC address ကိုကြည့်ပြီး ဘယ် port ကနေပို့ရမလဲဆိုတာကိုဆုံးဖြတ်တာပဲဖြစ်ပါတယ်။
ဒီအထိတော့ ပြသနာမရှိသေးဘူးဗျ။ ပြသနာက ဒီလိုဗျ J။ အပေါ်က topology မှာ PCA နဲ့ PC B
ဆိုပြီးတွေ့လား။ အကယ်လို့များ PC A သည် PC B ကို data ပို့ချင်တယ်။ ဒါပေမဲ့ သူ့မှာ
PC B ရဲ့ MAC address ကိုမသိဘူးဖြစ်နေတယ်။ ဒီတော့ သူကဘာလုပ်သလဲဆိုတော့ အရင်ဆုံး
broadcast frame ကို Switch A ဆီကိုပို့တယ်။ သူမသိတဲ့ PC B ရဲ့ mac address ကိုရှာရမှာကိုး။
ဒီတော့ switch A က ဘာလုပ်သလဲဆိုတော့ PC A နဲ့ချိတ်ဆက်ထားတဲ့ port fa0/5 ကလွဲရင် ကျန်တဲ့
switch port တွေအားလုံးဆီကို broadcast frame ကိုပို့လိုက်တယ်။ fa0/0 နဲ့ fa0/1 တို့ကိုပို့လိုက်တယ်ပေါ့။
ဒီလိုနဲ့ fa0/0 နဲ့ fa0/1 တို့နဲ့ချိတ်ဆက်ထားတဲ့ switch B ရဲ့ port fa0/0 နဲ့
fa0/1 ဆီကို broadcast frame ရောက်လာတယ်။ ဒီမှာပြသနာစပြီ။ အောက်ကပုံကိုကြည့်ပါ။
အကယ်လို့များ
switch B ရဲ့ fa0/0 port ဆီကို broadcast frame အရင်ရောက်ခဲ့တယ်ဆိုလို့ရှိရင်
swtich B ကဘာလုပ်သလဲဆိုတော့ broadcast frame ၀င်လာတဲ့ fa0/0 port ကလွဲရင် ကျန်တဲ့
fa0/1 နဲ့ fa0/5 ဆီကို broadcast frame ကိုထပ်ပြီးပို့ပေးလိုက်ပါတယ်။ အပြန်အလှန်ပြောရရင်
switch B ရဲ့ fa0/1 ကို broadcast frame အရင်ရောက်ခဲ့တယ်ဆိုလို့ရှိရင်လည်း switch
B သည် fa0/1 port ကလွဲရင် ကျန်တဲ့ fa0/5 နဲ့ fa0/0 port တွေဆီကိုပါပို့လိုက်မှာဖြစ်ပါတယ်။
ဒီတော့ switch A ဆီကို broadcast frame ပြန်ရောက်သွားပြန်ရော။ အောက်ကပုံအတိုင်းပေါ့။
တကယ်ဆိုရင်
အချစ်ပဲလိုတယ်မဟုတ်ဘူးနော် J။ switch B က PC B ဆီကို broadcast frame ရောက်ပြီးသွားရင်
ပြီသွားရမှာဖြစ်ပါတယ်။ fa0/5 ဆီကိုပဲ broadcast frame ရောက်သွားတာမဟုတ်ပဲ fa0/1 ဆီကိုပါထပ်ပို့တော့
broadcast frame ဟာ သူ့အရင်လာရာဖြစ်တဲ့ switch A ဆီကို ပြန်ရောက်သွားပြန်တယ်။ ဒီလိုနဲ့
switch A ကလည်း ထုံးစံအတိုင်း broadcast frame ၀င်လာတဲ့ fa0/1 port ကလွဲရင် ကျန်တဲ့
fa0/5 နဲ့ fa0/0 ဆီကိုပြန်ပို့ပြန်တယ်။ fa0/0 ကနေ switch B ဆီကိုပြန်ရောက်ပြန်တယ်။
အိုး… ဂျာအေးသူ့အမေရိုက်သလို အဆုံးမသတ်နိုင်တော့တဲ့ endless broadcast frame ဟာ
network ထဲမှာလည်နေပြီဖြစ်ပါတယ်။ ဒါကို broadcast strom ဖြစ်တယ်လို့ခေါ်ပါတယ်။
ဒါ့အပြင် multiple frame transmission တွေဖြစ်နိုင်တယ်။ အပေါ်မှာပြထားတဲ့
network မှာဆိုရင် host B ဟာ ဆက်တိုက်ဆိုသလိုပဲ broadcast frame တွေရနေမယ်။ ဒီတော့
host B မှာလည်း error တွေဆင့်ကဲဆင့်ကဲတက်လာမယ်။ ပြီးတော့ switch A နဲ့ B မှာလည်း
MAC address instability လို့ခေါ်တဲ့ MAC address table တွေမှာ error တွေတက်လာမယ်။ ဘာဖြစ်လို့လည်းဆိုတော့
switch တွေက သူတို့ဆီကို ရောက်လာတဲ့ frame ရဲ့ destination MAC address ကိုကြည့်ပြီးတော့
MAC address table ကိုဆောက်တာလေ။ frame တွေက looping ပတ်နေတော့ ဘယ် MAC address က ဘယ်
port ကလာတယ်ဆိုတာကို အတိအကျမသိတော့ဘူး။ ဒီတော့ MAC address table ကြီးလည်း ပျက်တော့တာပေါ့။
ဒီတော့ ဘာဖြစ်သလဲဆိုတော့ နောက်ဆုံး network ကြီးတစ်ခုလုံး စက္ကန့်ပိုင်းအတွင်းမှာပဲ
busy ဖြစ်သွားပြီး ဘာမှကိုလုပ်လို့ရတော့မှာမဟုတ်ပါဘူး။ ဒါဟာ ရိုးရှင်းပြီး သိပ်ကိုကြောက်ဖို့ကောင်းတဲ့
network problem တစ်ခုဖြစ်ပါတယ်။ networking field မှာလည်း အမြဲလိုလို ကြုံတွေ့ရတဲ့
problem ဖြစ်ပြီး network တစ်ခုလုံးကျလို့ အရေးပေါ်အခြေအနေထိတောင်ရောက်ခဲ့ တာတွေကိုလည်း
ကြံဖူးပါတယ်။ ဒီတော့ ဘယ်လိုလုပ်ကြမလဲ။ redundant ထားတော့လည်း ပြသနာတက်ဦးမယ်။ မထားတော့လည်း
ပြသနာ။ ခက်တော့ခက်နေပြီပေါ့။ ဒါပေမဲ့လည်း နောက်ဆုံးမှာတော့ သူရဲ့ကောင်း STP ဟာ ဒီပြသနာကိုဖြေရှင်းပေးဖို့အတွက်
ပေါ်ထွက်လာခဲ့ပါတယ်။ ဒီမှာခဏလေးရပ်ပါရစေ။ အပိုင်း ၂ မှာတော့ STP ဟာ ဘယ်လို
redundant path တွေကို loop မဖြစ်အောင် ကာကွယ်သွားသလဲဆိုတာကို ပြောပြပေးပါ့မယ်။
No comments:
Post a Comment