Showing posts with label Knowledges. Show all posts
Showing posts with label Knowledges. Show all posts

Tuesday, February 23, 2016

Cisco Exam အတွက် ဘယ်လိုမျိုးပြင်ဆင်ထားသင့်သလဲ?


ကျွန်တော့်တုန်းကတော့ သင်တန်းပြီးလို့ ၂ နှစ်ခွဲလောက်ကြာမှ cisco ကိုဖြေဖြစ်တာဆိုတော့ လေ့လာ ချိန်အတော်များများရလိုက်ပါတယ်။ ဒါတောင်မှ အခြားအလုပ်တွေနဲ့ cisco နဲ့ပါတ်သက်ပြီး လေ့လာတယ် ဆိုတာတောင် scope ကုန်အောင်ကိုမကြည့်ဖြစ်လိုက်ဘူး။ ထားပါတော့လေ။ ဒီတော့ ကျွန်တော်တို့မှာ cisco နဲ့ပါတ်သက်ပြီး exam preparation လုပ်တော့မယ်ဆိုရင် ဘယ်ကစပြီး လုပ်ရမလဲဆိုတာကို အမြဲလိုလို မေးခွန်းတစ်ခုအနေနဲ့ရှိနေတတ်ပါတယ်။ ဒီတော့ ကျွန်တော်ဒီနေ့ ဘာသင်ခန်းစာကိုမှ မပြောပဲ cisco exam အတွက် ပြင်ဆင်နေကြတဲ့ network engineer ညီအစ်ကိုတွေအတွက် ဘယ်လို exam preparation လုပ်မလဲဆိုတာကို ပြောပြမယ်ဗျာ။ step by step ပြောရရင်

၁) သင်တန်းမှာပဲဖြစ်ဖြစ် အသိမိတ်ဆွေအကူညီနဲ့ပဲဖြစ်ဖြစ် topic တွေကိုပြန်လည် နွှေးပေးရပါမယ်။
ဒီနေရာမှာတော့ ကျွန်တော့်အနေနဲ့ အကြံပေးချင်တာက exam scope ကိုပဲအဓိကထားပြီး remind လုပ်ပေးဖို့ပါ။ ဘာ့ကြောင့်လဲဆိုတော့ cisco field ဟာအရမ်းကိုကျယ်ပြန့်တာကြောင့် အသေးစိတ်လိုက်ကြည့် နေတာမျိုးကို exam ဖြေခါနီးမှာ မလုပ်ဖို့ပါပဲ။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော့်တုန်းက အသေးစိတ်လိုက်ကြည့်နေတာနဲ့တင် exam ဖြေဖို့အတွက် ၂ နှစ်ခွဲလောက်ကြာသွားခဲ့တယ်လေ။ ဒီနေရာမှာ အမှတ်မမှားစေချင်တာတစ်ခုရှိပါတယ်။ ကျွန်တော်က ဒီလိုပြောလိုက်လို့ တကယ်တတ်မြောက်မှုထက် exam အတွက်ကပိုအရေးကြီးတယ်လို့ပြောတာမဟုတ်ပါ။ ကျွန်တော်တို့ အခုပြောနေတာက exam preparation လုပ်ဖို့အတွက်ကိုပဲ အဓိကထားပြောနေတာဖြစ်ပါတယ်။ ဒီ့အတွက် exam preparation လုပ်မယ့်သူဟာ သူ့မှာ cisco နဲ့ပါတ်သက်ပြီး ထိုက်သင့်သလောက် အတွေ့အကြုံနဲ့ အတတ်ပညာကို စာမေးပွဲမဖြေခင်ကတည်းက လုပ်ထားခဲ့ရမှာပါ။ အိုခေး။




၂) နောက်တစ်ချက်ကတော့ hands-on lab တွေကို packet tracer ဒါမှမဟုတ် GNS3 တစ်ခုခုကိုအသုံးပြုပြီး သိထားတဲ့ topic တွေကို ပြန်လည် exercise လုပ်ဖို့လိုအပ်ပါတယ်။ 
cisco ဟာ သူ့ရဲ့စာမေးပွဲတွေမှာ လက်တွေ့နဲ့ စာတွေ့ကို အချိုးကျကျပေါင်းစပ်ပြီးမေးခွန်းတွေထုတ်ထားတာပါ။ ဒါ့ကြောင့် စာချည်းလှိမ့်ကျက်နေရင်လည်းမဖြစ်ပါဘူး။ မရဘူးလို့မပြောဘူးနော် အဆင်မပြေဘူးလို့ပြောတာ။ ဘာ့ကြောင့် hands-on labs တွေကိုလုပ်ခိုင်းသလည်းဆိုတော့ simulation ၃ ပုဒ်ကို နောက်ဆုံးမှာမေးတယ် လေ။ ဒါတွေကို 9tut နဲ့ examtut.com တို့မှာဝင်ကြည့်လို့ရပါတယ်။ နောက်ပြီး cisco မှာအရမ်းကိုကောင်းတဲ့ တစ်ချက်က သူ့ရဲ့ CCNA စာမေးပွဲအတွက် လိုအပ်တဲ့ lab 90 percent လောက်ကို packet tracer နဲ့ GNS3 တို့ကိုသုံးပြီး ပိုက်ပိုက်မကုန်ပဲ lab လုပ်လို့ရတာပါပဲ။ ဒါဟာ ကျွန်တော်တို့အတွက် နောင် cisco နဲ့ပါတ်သက်လို့ အဆင့်မြင့်ပိုင်းတွေကိုလေ့လာတဲ့အခါမှာ cisco devices တွေနဲ့ friendly ဖြစ်စေပါလိမ့်မယ်။




၃) နောက်ဆုံးအဆင့်အနေနဲ့ကတော့ exam အတွက် ကိုယ်ဖြေဆိုမယ့်နေ့ကိုရွေးချယ်ပြီး သက်ဆိုင်ရာ exam center မှာစာရင်ပေးသွင်းရမှာဖြစ်ပါတယ်။ 
အပေါ်က အချက်နှစ်ချက်ကို ဖြတ်ကျော်ခဲ့ပြီးပြီဆိုရင်တော့ဖြင့် cisco exam အတွက်သင်ဟာ အသင့်ဖြစ်နေပါပြီ။ ဒီနေရာမှာ အကြံပေးချင်တာက စာမေးပွဲကို မကြောက်ဖို့ပါ။ စာမေးပွဲဖြေခါနီးမှာ မိမိကိုတိုင် ယုံကြည်ချက်ထားဖို့လိုပါတယ်။ အခုဆိုဆိုရင် exam center တွေတော်တော်များများရှိနေပြီဖြစ်ပါတယ်။MICT park ထဲက Youth နဲ့ Myanmar Inspiration တို့မှာလည်းဖြေလို့ရပါတယ်။ မြို့ထဲမှာလည်း ရနိုင်မယ်ထင်ပါတယ်။ ကျွန်တော့်တုန်းကတော့ Youth မှာဖြေခဲ့ပါတယ်။ exam registration လုပ်ဖို့အတွက် 300$ ၊ မှတ်ပုံတင်နံပါတ်၊ ဖြေဆိုမယ့် နေ့နဲ့အချိန် ပြီးတော့ email လိပ်စာကိုပေးဖို့လိုပါလိမ့်မယ်။ email ဆိုလို့ပြောရဦးမယ်။ email ကို ဖြစ်သလိုမပေးပါနဲ့။ အဲဒီ ပေးလိုက်တဲ့ email ဟာ နောက်ပိုင်း cisco certificates တွေကိုယူဖို့အတွက်ပဲဖြစ်ဖြစ်၊ cisco နဲ့ပါတ်သက်ပြီး အခြားခြားသော ကိစ္စများအတွက် အရေးပါတဲ့ email ဖြစ်လာမှာပါ။ ဒါ့ကြောင့် ကိုယ့်မှာ email တစ်ခုကို စာမေးပွဲအတွက် registration မလုပ်ခင်မှာ လုပ်ထားရင်ပိုကောင်းပါလိမ့်မယ်လို့ အကြံပေးချင်ပါတယ်။ လိုအပ်တဲ့ information အားလုံးကို exam center ကိုပေးပြီးပြီဆိုရင်တော့ cisco ကနေ ကိုယ့်ရဲ့ email ထဲကို confirmation code ကိုပို့ပေးပါလိမ့်မယ်။ ဒါဆိုရင်တော့ cisco စားမေးပွဲဖြေဆိုဖို့အတွက် သင့်အနေနဲ့ ready ဖြစ်သွားပြီဖြစ်ပါတယ်။




အားလုံး Cisco Exam မှာ ရမှတ်များစွာနဲ့အောင်မြင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။





Friday, October 2, 2015

CISCO နှင့် ကျွန်တော်၏သုံးသပ်မှုများ

အခုနောက်ပိုင်းမှာ Networking လောကကိုစတင်ဝင်ရောက်လာကြတဲ့ သူတော်တော်များများဟာ Cisco ဆိုတာကို မသိသူမရှိလောက်ရှားပါလိမ့်မယ်။ ကျွန်တော် Network လောကကိုစတင်သိစအချိန် 2011 2012 ခုနှစ်လောက်ကတော့ Cisco ဆိုတာ အသိနည်းသေးတယ်လို့ပြောရမယ်။ ဒါပေမဲ့ အချိုသောသူများကလည်း သိသင့်သလောက်သိမှာပေါ့။ Cisco နဲ့ပါတ်သက်ပြီးသင်တန်းတွေနည်းတာလည်းပါမှာပေါ့။ ဆိုတော့ Cisco ဆိုတာကို ကျွန်တော်သိသလောက်လေး ပြောပြချင်ပါတယ်။

ကျွန်တော် Networking လုပ်ငန်းခွင်မှာ လုပ်သက် ၂ နှစ်လောက်ရှိလာတော့ Cisco ဆိုတာကိုသိလာတယ်။ အခုဆို အရမ်း hot ဖြစ်တဲ့ certificates တွေထဲက တစ်ခုအပါအ၀င်ဖြစ်နေပြီ။ 
computer system/network engineer တစ်ယောက်ဖြစ်ဖို့အတွက် နိုင်ငံတကာအသိအမှတ်အပြုလက်မှတ်တွေအများကြီးရှိပါတယ်။ ComTIA Network+ / A+ ၊ Microsoft အသိမှတ်ပြု MCSA,MCSE , နောက်ပြီး အခုပြောမယ့် Cisco အသိမှတ်ပြုဖြစ်တဲ့ CCNA,CCNP,CCIE အစရှိတဲ့ certificates တွေပေါ့။ ဒီ့အပြင် CEH လို certificate တွေကလည်း ရှိသေးတယ်ပေါ့။ ဒီလိုအများကြီးဖြစ်လာတဲ့အခါမှာ ကျွန်တော်တို့သည် computer system engineer တစ်ယောက်ဖြစ်ဖို့အတွက် အကုန်လုံးကိုလေ့လာဖို့လိုအပ်သလားဆိုတဲ့ မေးစရာမေးခွန်းတစ်ခုရှိလာတယ်။ Computer System Engineer တစ်ယောက်ဖြစ်လာဖို့၊ လုပ်ငန်းခွင်ဝင်နိုင်ဖို့အတွက် အားလုံးကိုလေ့လာဖို့မလိုပါဘူး။ အကုန်လုံးတက်လို့လည်းရတယ်။ ပြသနာမရှိဘူး။ ဒါပေမဲ့ ကိုယ့်အတွက် အချိန်နဲ့ ငွေက အကန့်အသန့်နဲ့ရှိနေခဲ့ရင်တော့ အချိန်နဲ့ ငွေကို အတတ်နိုင်ဆုံးလေလွင့်မှုမရှိပဲ ကိုယ်ဖြစ်ချင်တဲ့အတိုင်းအတာတစ်ခုကို ရောက်သွားဖို့ဆိုရင်တော့ စဉ်းစားရပါတော့မယ်။ ဘာဖြစ်လို့ဒီလိုပြောရသလဲဆိုရင်တော့ ကျွန်တော်တို့ပြောနေတာက international certificate တွေဖြစ်နေလို့ပါပဲ။ အချိန်ပေးပြီးသေချာလေ့လာရတယ်။ ဖြေရင်လည်း ဒေါ်လာနှုန်းထားအတိုင်းပေးရတော့ မချောင်ဘူး။ ဒီအထဲ အချို့ certificate တွေကို ဘယ်အချိန်မှဖြေလို့ရတယ်ဆိုတာမျိုးနဲ့ဆိုရင် ကိုယ့်အတွက် ၀န်ပိစေမှာပါ။ ဒီတော့ ကျွန်တော်လေ့လာကြည့်တဲ့အခါမှာ computer system/network engineer ဖြစ်ဖို့အတွက် အပိုင်းနှစ်ပိုင်းခွဲလို့ရပါတယ်။ 

1) Entry Level / intermediate level နဲ့
2) Advanced level / professional level တို့ပဲဖြစ်ပါတယ်။

ဒီနေရာမှာ CompTIA သည် Entry level international certificate အမျိုးအစားပဲဖြစ်ပါတယ်။ 
သူ့မှာ system အပိုင်း ဆိုရင် A+ လို certificate တွေရှိပြီး network အပိုင်းဆိုရင်တော့ Network+ လို certificate တွေရှိပါတယ်။  ကိုယ့်အနေနဲ့ professional လမ်းကြောင်းတစ်ခုပေါ်ကို အခြေခံကောင်းကောင်းနဲ့ အခြေချချင်တယ်ဆိုရင်တော့ သူဟာ ကိုယ်လုပ်ချင်တဲ့ professional လမ်းကြောင်းတစ်ခုအတွက် တံခါးပေါက်တစ်ခုပဲဖြစ်ပါတယ်။ ကျွန်တော် CompTIA N+ ကိုဖတ်ကြည့်တော့ introduction မှာတင် microsoft နဲ့ Cisco devices တွေအကြောင်း သူတို့ရဲ့ configuration အချို့ကိုတွေ့ရတယ်။ တော်တော်ကို နယ်ပယ်စုံလင်အောင်ထည့်ပေးထားတာကိုတွေ့ရတယ်။ 



နောက် level တစ်ခုမှာတော့ Cisco နဲ့ Microsoft ပဲဖြစ်တယ်။  သူတို့ကတော့ Advanced level international certificates ထဲမှာပါဝင်တယ်။ ဒါပေမဲ့ နှစ်ခုက မတူဘူးဗျ။ မတူညီတဲ့ direction နှစ်ခုအဖြစ်ကွဲထွက်သွားတယ်။ Cisco က Networking ဘက်ကိုဦးတည်သွားတဲ့အချိန်မှာ Microsoft ကတော့ network အခြေပြု ကွန်ပျူတာစနစ် server/client ဘက်ကိုဦးတည်သွားတယ်။ ဒါကြောင့် Cisco ဘက်ကိုလိုက်ရင်တော့ computer network engineer တစ်ယောက်အဖြစ်အသက်မွေးနိုင်မှာဖြစ်ပြီး Microsoft ဘက်ကို လိုက်ရင်တော့ Computer system engineer တစ်ယောက်အဖြစ် အသက်မွေးနိုင်မှာဖြစ်ပါတယ်။ 


ဒါကြောင့် နယ်ပယ်မတူတဲ့ လိုင်းနှစ်ခုကို တစ်ပြိုင်တည်းလိုက်မိရင် အချိန်ကုန်မယ် ငွေကုန်မယ် လူလည်းပင်ပန်းမယ်။ ဒါ့ကြောင့် ကိုယ့်အနေနဲ့ computer engineer တစ်ယောက်ဖြစ်ဖို့ ကြိုးစားတော့မယ်ဆိုရင် ကိုယ်သည် system engineer ဖြစ်ချင်တာလား network engineer ဖြစ်ချင်တာလားအရင် စဉ်းစားသင့်ပါတယ်။ ပြီးတော့မှ ကိုယ်လုပ်ချင်တဲ့ အပိုင်းတစ်ခုကိုပဲ တစိုက်မတ်မတ်လေ့လာလိုက်စားခြင်းအားဖြင့် အချိန်တိုအတွင်း အောင်မြင်တဲ့ computer engineer တစ်ယောက်ဖြစ်လာနိုင်မှာပါ။... :)


ကျေးဇူးတင်ပါတယ်
ထူးမြတ်အောင် (Tech-Gate)