Tuesday, December 8, 2015

Network Devices

Hubs
 
Hubs က network တစ်ခုမှာ ချိတ်ဆက်ထားတဲ့ devices တွေအားလုံးရဲ့ central point အဖြစ်ဆောင်ရွက်ပေးပါတယ်။ Hubs သည် OSI Layer 1 devices တွေဖြစ်တယ်။ Hubs က port တစ်ခုကနေလက်ခံလိုက်တဲ့ signals ကိုအခြား port တွေအားလုံးဆီကိုပို့ပေးပါတယ်။ တစ်ခါတစ်ရံ hub ကို multiport repeater လို့လဲခေါ်ပါတယ်။ ဒီနေ့ခေတ်မှာတော့ hub တွေကိုမသုံးကြတော့ပါဘူး။ Hub အစား switch တွေကိုသုံးလာကြပါတယ်။ Hub တွေမှာက ဆိုးကျိုးတွေများတာကိုး။ hubs တွေက network ပေါ်မှာ ဖြတ်သွားမယ့် data traffic ကိုမသိကြပါဘူး။ ကြီးမားတဲ့ collision domain ကိုသာဖြစ်စေပါတယ်။ Hub က half duplex မှာပဲအလုပ်လုပ်ပါတယ်။ Port တစ်ခုကနေပို့လိုက်တဲ့ data ကို data ပို့လိုက်တဲ့ port မှလွဲ၍ ကျန်တဲ့ port အားလုံးကို ပို့ပေးတဲ့အတွက်ကြောင့် လုံခြုံရေးအရလည်း အကြောင်းပြချက်တစ်ခုဖြစ်နေပါတယ်။ ဒါကဘာကိုဖြစ်စေသလဲဆိုတော့ network ထဲကိုကျူးကျော်ဝင်ရောက်လာတဲ့သူကို data traffic အားလုံးကိုရသွားစေနိုင်ပါတယ်။

Switches

Hubs တွေလိုပါပဲ switch တွေက host တွေအားလုံးကိုအတူတကွချိတ်ဆက်နိုင်ပါတယ်။ ဒါပေမဲ့ hubs တွေထက် switch တွေမှာ အားသာချက်တွေအများကြီးရှိပါတယ်။ Switch ကတော့ OSI layer 2 device ပါ ။ ဒါကဘာအဓိပ္ပါယ်လဲဆိုတော့ traffic တွေကို စစ်ဆေးလက်ခံမယ်၊ ပေးပို့မယ်စတဲ့ ဆုံးဖြတ်ချက်တွေ လုပ်နိုင်ပါတယ်။ Switch တစ်ခုမှာရှိတဲ့ port တစ်ခုစီဟာ သီးခြား collision domain တစ်ခုပဲဖြစ်တယ်။ Full duplex mode မှာလည်းပဲ run နိုင်ပါတယ်။

Switch တွေ ဘယ်လိုအလုပ်လုပ်သလဲ ?

ဒီအောက်က ဥပမာကို တစ်ချက်ကြည့်ပါ။
Host A က Host B ကို packet တစ်ခုပို့ချင်တယ်။ အရင်ဆုံး packet က Switch ဆီကိုရောက်ပါမယ်။ Switch က MAC address ကိုကြည့်ပါမယ်။ ပြီးရင် Switch က သူ့ရဲ့ MAC address table ထဲမှာ ဒီ address ကိုရှာပါမယ်။ အကယ်၍ switch က MAC address ကို MAC address table မှာတွေ့ပြီဆိုရင် frame”s destination အရချိတ်ဆက်ထားတဲ့ port ဆီကိုသာလျှင် forward လုပ်ပေးလိုက်ပါတယ်။ အကယ်၍ MAC address ကိုမတွေ့ဘူးဆိုရင်တော့ Port တွေအားလုံးဆီကို frame ကိုပို့ပေးလိုက်မှာပဲဖြစ်ပါတယ်။ Switch ကဘယ် port က ဘယ် MAC address နဲ့လည်းဆိုတာကိုသိဖို့ လက်ခံရရှိတဲ့ packet ရဲ့ source address ကိုကြည့်ပြီးဆုံးဖြတ်တယ်၊ ပြီးရင် ဒါကို MAC address table ထဲမှာသိမ်းထားလိုက်ပါတယ်။

MAC address ဆိုတာဘာလဲ?

MAC address table က ဘယ် MAC address သည် ဘယ် port နဲ့ချိတ်ဆက်ထားတယ်ဆိုတာကို စာရင်းလုပ်ထားပါတယ်။ Switch က ဒီ table ကို forwarding disicion ချတဲ့နေရာမှာသုံးပါတယ်။ ဝင်လာတဲ့ packet ရဲ့ source address ကိုကြည့်ပြီး သတ်မှတ်ထားတာလို့ အများကသိထားကြပါတယ်။ Packet တစ်ခုရဲ့ source mac address ဟာ mac address table ထဲမှာမရှိဘူးဆိုရင် switch သည် သူ့ရဲ့ MAC address table ထဲကိုပေါင်းထည့်လိုက်ပါတယ်။ ဒီအောက်ကပုံက switch တစ်ခုရဲ့ mac address table ဆိုတာဘယ်လိုပုံလဲဆိုတာကိုပြထားပါတယ်။

Switch ကို တစ်ခါ တစ်ရံမှာ multiport bridge လို့လဲခေါ်ပါတယ်။ ဒါပေမဲ့ဒီ device နှစ်ခုမှာခြားနားချက်တွေရှိပါတယ်။ Bridge မှာက Switch ထက် port အရေအတွက်ပိုနည်းပါတယ်။ Switch ကို hardware ပေါ်မှာအခြေခံထားတဲ့အတွက်ကြောင့် ပိုမြန်ပါတယ်။ ဒါကဘာကိုဆိုလိုတာလဲဆိုတော့ switch က forwarding decision လုပ်တဲ့အခါမှာ ASICs လို့ခေါ်တဲ့ chip တွေကိုသုံးလို့ပါပဲ။ ယှဉ်ကြည့်ရင် bridge က software based ဖြစ်ပြီး switch က hardware based ဖြစ်ပါတယ်။ Bridge တစ်ခုမှာ spanning tree တစ်ခုပဲရနိုင်ပေမဲ့ Switch မှာတော့ multiple spanning tree ကိုရနိုင်ပါတယ်။ Switch မှာ multiple broadcast domain ကိုလည်းရနိုင်ပါသေးတယ်။ VLAN တစ်ခုမှာ doamain တစ်ခု။

Routers

Router ဆိုတာ network တစ်ခုကနေ တစ်ခြား network တစ်ခုကို packet များသွားလို့ရအောင် လမ်းကြောင်း(route)လုပ်ပေးတဲ့ device တစ်ခုပဲဖြစ်ပါတယ်။ Router အများစုကတော့ OSI layer 3 device တွေပဲဖြစ်ပါတယ်။ Router တွေမှာ broadcast domain နှင့် traffic များကိုစစ်ထုတ်နိုင်သောအပိုင်း ဆိုပြီးခွဲခြားထားပါတယ်။
 အောက်မှာပြထားတဲ့ပုံက typical home router တစ်လုံးပဲဖြစ်ပါတယ်။

Router တွေဘယ်လိုအလုပ်လုပ်သလဲ?

Router တစ်ခုက ip address ကိုသုံးပြီးတော့ packet တွေကိုဘယ်နေရာကိုပို့ရမလဲဆိုတာကိုတွက်ချက်ပါတယ်။ တကယ်လို့ မတူညီတဲ့ network နှစ်ခုမှာရှိတဲ့ host နှစ်ခုကအဆက်အသွယ်ရချင်တယ်ဆိုရင် packet တွေ route ရဖို့အတွက် သူတို့တွေ ကြားမှာ router တစ်လုံးလိုပါလိမ့်မယ်။ ဥပမာ အနေနဲ့ ဒီဇာတ်လမ်းအကျဉ်းချုပ်လေးကို ကြည့်လိုက်ပါတယ်။

 Host A နဲ့ Host B ကမတူညီတဲ့ network တစ်ခုစီကဖြစ်ကြတယ်။ Host A က Host B နဲ့ အဆက်အသွယ်ရချင်ရင် packet တစ်ခုကို router ဆီကိုပို့ရပါလိမ့်မယ်။ router က packet ကိုလက်ခံရရှိမယ် ပြီးရင် ပို့ရမယ် ip address ကိုကြည့်ရမယ်။ Routing table ထဲမှာ ပို့ရမယ့် ip address ရှိရင် ဒီ network နှင့်သက်ဆိုင်တဲ့ interface ကနေတစ်ဆင့် packet ကို forward လုပ်ပေးလိုက်ပါလိမ့်မယ်။

Routing Table ဆိုတာဘာလဲ?

Routing Table က router ရောက်နိုင်တဲ့ network တိုင်းရဲ့ လမ်းကြောင်းကိုစာရင်းလုပ်ထားပါတယ်။ ဒါကို IOS command သို့မဟုတ် routing protocol တစ်ခုကိုသုံးပြီးတော့ configure လုပ်နိုင်ပါတယ်။ router သည် packet တွေကို ဘယ်နေရာကိုပို့ရမလဲဆိုတာကို ဆုံးဖြတ်တဲ့အခါ routing table ကိုသုံးပါတယ်။ အောက်ကပုံကတော့ routing table တစ်ခုဟာ ဘယ်လိုပုံလဲဆိုတာကိုပြထားပါတယ်။


Routing table ကိုကြည့်ရန် command က show ip route အပေါ်ပုံက ဒီ router မှာ subnet နှစ်ခု တိုက်ရိုက်ချိတ်ဆက်ထားတာကိုခင်ဗျားမြင်နိုင်ပါတယ်။ Routing table ထဲမှာရှိတဲ့ ပထမဆုံးတစ်ခုကို သေချာကြည့်ပါ။


“C” ဆိုတာက route နှစ်ခု တိုက်ရိုက်ချိတ်ဆက်ထားတာကို ဆိုလိုတာပါ။ မေးခွန်းထဲက network က 10.0.0.0/8 ပါ။ Router သည် packet တစ်ခုစီကို interface fastEthernet0/1 ကနေ forward လုပ်ပေးပါလိမ့်မယ်။  
မှတ်ချက်။ ။ Window တွင် netstat -r ဆိုတဲ့ command ကိုသုံးပြီး routing table ကိုကြည့်နိုင်ပါတယ်။

Credit to : မအားတဲ့ကြားကနေ ကျွန်တော့် blog အတွက် ဒီပိုစ့်ကိုရေးပေးတဲ့ ညီလေး Zayar Min (BE-Electronic) ကို ကျေးဇူးအထူးတင်ပါတယ်။

No comments:

Post a Comment