ကျွန်တော်တို့ networking engineer တွေအဖြစ်အလုပ်လုပ်ကြတဲ့အခါမှာ
subnet ခွဲတာကို မလွဲမ သွေကြုံတွေ့ကြရမှာဖြစ်ပါတယ်။ ထပ်ပြီးညွှန်းဆိုရရင် subnet ကိုအချိန်တိုအတွင်း
တွက်ချက်နိုင်ခြင်းဟာ network သမားတစ်ယောက်အတွက်တော့ သိပ်ကိုကောင်းတဲ့ skill တစ်ခုဖြစ်ပါတယ်။
ဘာဖြစ်လို့လည်းဆို တော့ network ဆိုတာ IP တွေနဲ့ ဆော့ကစားရတာဖြစ်ပါတယ်။ ဒါ့ကြောင့်
subnetting ကိုပိုင်နိုင်တဲ့ network သမားတစ်ယောက်ဟာ အားသာချက်ရှိပါတယ်။ ကြားရသလောက်
အချို့ networking အလုပ်နဲ့ interview ဖြေရတဲ့အခါမှာ subnetting တွက်ခိုင်းတာတွေရှိပါတယ်။
ဒီတော့ subnetting ဆိုတာအရေးကြီးလာပြီပေါ့။ အိုခေး။ subnetting အကြောင်းကိုမပြောခင်
အရင်ဆုံး ဘာ့ကြောင့် subnet လုပ်ရသလဲဆိုတာကိုပြောပြမယ်။ ကျွန်တော်တို့ NE level တွေမှာသင်ဖူးကြပါတယ်။
Class A , Class B , Class C ဆိုပြီး IP range တွေလေ။ အောက်မှာပုံလေးနဲ့ကျွန်တော်ပြထားတယ်။
ပြန်ပြီး remind လုပ်လိုက်ပါဦး။ ကောင်းကောင်းမတွေ့ရရင် ပုံကိုထောက်ပြီးကြည့်ပေးပါ။
ဒီတော့ ပုံကိုကြည့်လိုက်ရင် class A မှာ
network ပေါင်း 126 ခုရယ် host ပေါင်း 16,777,214
လုံးရယ်ရမယ်။ class B မှာ network
ပေါင်း 16,382 ခုရယ် host ပေါင်း 65,534 လုံးရမယ်။ class C မှာဆိုရင် network ပေါင်း
2.097,150 ခုရယ် host ပေါင်း 254 လုံးဆိုပြီးတွေ့ရမှာဖြစ်ပါတယ်။ ကျန်တဲ့ class D နဲ့
class E ကိုတော့ အသုံးပြုခြင်းမရှိပါဘူး။ အဲဒီ class A,B,C တွေကို public IP
address တွေလို့ခေါ်ပါတယ်။ ပြောရရင် အဲဒီ address တွေမှသာလျှင် internet ချိတ်ဆက်လို့ရမယ်လို့ဆိုလိုတာဖြစ်ပါတယ်။
အောက်မှာဖော်ပြထားတဲ့ private ip address range တွေကတော့ internet ကိုတိုက်ရိုက်ချိတ်ဆက်လို့ရမှာမဟုတ်ပါဘူး။
ဒီတော့ public ip နဲ့ private ip တွေက ဘာကွာသလဲဆိုတာကိုသိလောက်ပါပြီ။
ပြီးတော့ internet ပေါ်မှာရှိတဲ့ IP address တွေက တစ်ခုနဲ့ တစ်ခုထပ်နေလို့မရပါဘူး။
unique ဖြစ်နေရမှာဖြစ်ပါတယ်။ ဥပမာ ကျွန်တော်တို့ ရုံးမှာ network ဆင်တဲ့အခါမှာ တစ်လုံးက
192.168.1.1 ဆိုရင် နောက်တစ်လုံးက 192.168.1.2 လို့ပေးရသလိုပေါ့။ ဘာဖြစ်လို့လည်းဆိုတော့
network တစ်ခုထဲမှာ IP တွေသည် ထပ်နေလို့မရပါဘူး၊ unique ဖြစ်နေရမယ် အိုခေ?။ ဒီလိုပါပဲ
internet ဆိုတာလည်း network ကြီးတစ်ခုဖြစ်တဲ့အတွက် သူ့ထဲမှာ ချိတ်ဆက်ကြမယ့် host တွေအားလုံးသည်
မတူညီတဲ့ ip တွေ၊ တစ်နည်းအားဖြင့် unique ip တွေဖြစ်ရမှာဖြစ်ပါ တယ်။ ဒီနေ့မှာ တစ်ကမ္ဘာလုံးမှာရှိတဲ့
internet ကိုချိတ်ဆက်လာတဲ့ host တွေဟာ အတော်များများကုန် သွားပြီဖြစ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့
ဥပမာ ကျွန်တော်က class C address တစ်ခုကို Internet Assigned Numbers Authority (IANA) ကနေ၀ယ်လိုက်မယ်။
IANA ဆိုတာကတော့ တကမ္ဘာလုံးမှာရှိတဲ့ internet အသုံးပြုသူတွေကို public ip address တွေမထပ်ရအောင်
manage လုပ်ပေးနေတဲ့ အဖွဲ့အစည်းကြီးတစ်ခုဖြစ်ပါတယ်။ ဒီတော့ ကျွန်တော်ကရလာတဲ့ class
C ip address တွေကို ကျွန်တော့် network မှာရှိတဲ့ host တွေမှာ ပေးလိုက်ပြီး
internet ကိုချိတ်ဆက်လို့ရပြီပေါ့။ ဒါပေမဲ့ ကျွန်တော် network မှာ ရှိတာက host အရေအတွက်
100 ပဲရှိတယ်။ class C network တစ်ခုမှာ host အလုံးအရေအတွက် 254 လုံးရတယ်လေ။ ဒီတော့
ကျန်တဲ့ 154 ခုသော IP address တွေက မလိုအပ်ပဲ ပိုသွားတယ်လို့ဆိုရမှာဖြစ်ပါ တယ်။ ဒါတွေကို
IANA ကအခြားသူတွေကို ပြန်ပြီးချပေးလို့မရတော့ပါဘူး။ ဒါတွေကြောင့် ကျန်ရှိတဲ့ IP တွေကို
အကျိုးရှိရှိအသုံးချနိုင်ဖို့၊ security အရလည်း လုံခြုံမှုရှိ စေဖို့အတွက် VLSM လို့ခေါ်တဲ့
subnetting ဆိုတာပေါ်ပေါက်လာတာပဲဖြစ်ပါတယ်။ VLSM ကိုသုံးလိုက်ခြင်းအားဖြင့် ရရှိလာတဲ့
network ကို လိုအပ်သလောက် network တွေပြန်ခွဲထုတ်ပြီး ip တွေ waste မဖြစ်အောင်လုပ်လို့ရပါတယ်။
အောက်မှာ လုပ်ငန်းတစ်ခုအတွက် class C address တစ်ခုကို subnet ဘယ်လိုခွဲထားသလဲဆိုတာကို
နမူနာလေးပြထားပါ တယ်။
အဲဒီမှာတွေ့လား။ subnet mask /24 နဲ့
host ၂၅၄ လုံးရတဲ့ network တစ်ခုကို လိုအပ်သလောက်ပြန်ခွဲထုတ်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။
ဒီတော့ subnet မခွဲခင်လေး အောက်ကဟာ လေးကို ကျက်ထားလိုက်ပေတော့ဗျာ။ အရမ်းလွယ်သွားလိမ့်မယ်။
အခုတော့ ဒီနေရာမှာ ခဏလေးနားပါရစေ။ အပိုင်း
၂ မှာဘယ်လိုတွက်သွားသလဲဆိုတာကို ဖော်ပြပေးပါ့မယ်။
No comments:
Post a Comment