ကျွန်တော်တို့တွေ ဒီနေ့တော့
cabling လုပ်ကြရအောင်ဗျာ။ ဒါကို network လောကမှာ ကြိုးကိုက်တယ်ပေါ့။ မလုပ်ခင်မှာ လိုအပ်တဲ့ပစ္စည်တွေကိုအရင်ပြောပြမယ်။
၁)
RJ 45 connector
၂)
UTP Ethernet cable
၃)
Cable crimper တို့ပဲဖြစ်ပါတယ်။
အောက်မှာပုံလေးတွေနဲ့ဖော်ပြထားတယ်။
၁)
RJ 45 connector
၂)
UTP Ethernet cable
၃)
Cable crimper and stripper
ပုံထဲမှာ
အစိမ်းရောင်လက်ကိုင်နဲ့ tool ကတော့ cable crimper ဖြစ်ပြီး အ၀ါရောင် tool ကတော့
cable stripper လို့ခေါ်တယ်။ ရောနေမှာစိုးလို့ပါ။ ဒါပေမဲ့ cable stripper ကိုမ၀ယ်လည်းရတယ်။
cable crimper မှာတစ်ခါတည်းပါတယ်။ အိုခေ။ ဒီ ၃ မျိုးကိုအသုံးပြုပြီး ကျွန်တော်တို့
ethernet network cable တစ်ကြိုးကိုလုပ်ကြည့်ရအောင်။ step by step လုပ်ကြည့်တာပေါ့။
၁)
ပထမဦးဆုံး လိုအပ်တဲ့ ကြိုးအရွယ်အစားကိုအရင်ဖြတ်တောက်လိုက်ပါ။ ချိတ်ဆက်မယ့်ကွန်ပျူတာတွေရဲ့အကွာအဝေးကို
တိုင်းတာပြီးဖြတ်လိုက်တာပေါ့။ ဥပမာ ၃ မီတာလား ၄ မီတာ လားပေါ့။ ဒါကိုတော့ သီးသန့်
tool တစ်ခုဝယ်ဖို့မလိုပါဘူ။ ဖြတ်လို့ရတဲ့ cutter တစ်ခုခုနဲ့ဖြတ်တောက်လိုက်လို့ရပါတယ်။
အောက်က cutter လိုမျိုးဆိုရင်တော့ ဖြတ်တောက်ရတာ ပိုအဆင်ပြေတာပေါ့။
၂)
ပြီးရင် cable stripper ကိုအသုံပြုပြီးတော့ အပြင်ကအခွံကိုခွာထုတ်လိုက်ရမှာဖြစ်ပါတယ်။
ဒါမှမဟုတ် cable crimper နဲ့လည်းလုပ်လို့ရတယ်နော်။ အကောင်းဆုံးကတော့ ကြိုးအစကနေ တစ်လက်မလောက်အကွာအဝေးမှာ
ခွာထုတ်လိုက်တာက အဆင်ပြေပါတယ်။ ပုံမှာပြထားပါတယ်။
၃)
ပြီးတာနဲ့ ထွက်လာတဲ့ လိမ်ကျစ်ထားတဲ့ ကြိုး ၄ စုံကို ကျွန်တော်တို့ လိုချင်တဲ့
cable arrangement အတိုင်းလုပ်လို့ရအောင် ဖြေထုတ်လိုက်ရမှာဖြစ်ပါတယ်။ အောက်ကပုံအတိုင်းပေါ့။
ဒီလို
arrangement လုပ်တဲ့အခါမှာ နှစ်မျိုးရှိပါတယ်။ EIA/TIA 568A လား 568B လားပေါ့။ အသုံးများတာကတော့
568B ပေါ့။ ဒီတော့ 568B အတိုင်းစီရမယ့် arrangement ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
ကျွန်တော်တို့က
straight cable ညှပ်ချင်တယ်ဆိုရင် ကြိုးစအစွန်းနှစ်ဖက်စလုံးရဲ့ arrangement ကတူရမှာဖြစ်ပါတယ်။
568B ကိုသုံးရင် နှစ်ဖက်စလုံး 568B ပေါ့။
Cross
cable ညှပ်ချင်တယ်ဆိုရင်တော့ တစ်ဖက်က 568A ဆိုရင် နောက်တစ်ဖက်က 568B arrangement အတိုင်းထားပေးရမှာပါ။
ကျွန်တော်တို့ကတော့ straight cable ညှပ်တဲ့အခါ 568B arrangement ကိုပဲသုံးပါတယ်။ အောက်ကပုံအတိုင်းပေါ့။
အဲ့လိုစီထားပြီးရင်တော့ အောက်ကပုံတွေအတိုင်း အဆင့်ဆင့် လုပ်သွားရမယ်။
ကြိုးထိပ်ဖျားလေးတွေကိုညီနေအောင်ဖိထားရပါမယ်။ ဒါမှ RJ 45 connector ထဲကိုထည့်တဲ့အခါမှာ ညီ ညီညာညာဝင်သွားမှာဖြစ်တယ်။ မဟုတ်ရင် တစ်ကြိုးကမိတယ် နောက်တစ်ကြိုးကလွတ်နေတယ်ဆိုတဲ့ ပြသနာတွေဖြစ်နိုင်တယ်။ ပြီးရင်တော့ ညီနေတဲ့ ကြိုးထပ်ဖျားလေးတွေကို RJ 45 connector ထဲကို အောက်ပ
အတိုင်းထိုးထည့်ပေးပြီး cable crimper နဲ့ ဖိချပေးလိုက်ရမှာဖြစ်ပါတယ်။
နောက်ဆုံးမှာတော့
အပေါ်ပုံအတိုင်း RJ 45 network cable တစ်ချောင်းကို ပြုလုပ်လို့ပြီးသွားမှာဖြစ်ပါတယ်။
သေသေချာချာ step by step အတိုင်းလိုက်လုပ်ကြည့်ရင်ရသွားမှာပါ။ network သမားတစ်ယောက်အတွက်
ဘာမဟုတ်သလိုထင်ရပေမဲ့ အရေးအကြီးဆုံးက ဒီ cabling ပဲမဟုတ်လား။ ဒီတော့ ဒါလေးကိုတော့ အားစိုက်ပြီးလုပ်စေချင်ပါတယ်။
အိုခေး ?
No comments:
Post a Comment