ကျွန်တော် နောက် lab တစ်ခုကိုမပြောခင်မှာ
ဒီ MAC address flooding attack အကြောင်းလေးနည်း နည်းပြောမှဖြစ်မယ်။ ကျွန်တော်တို့သုံးနေတဲ့
switch တွေဟာ MAC address တွေကိုအသုံးပြုပြီး ဘယ် destination ကို data frame ပို့ပေးရမလဲဆိုတာကိုဆုံးဖြတ်တာဖြစ်ပါတယ်။
ဒီလိုဆုံးဖြတ်ဖို့အတွက် host တွေရဲ့ MAC address တွေကို learn လုပ်ထားတယ်။ အဲဒီလို
learn လုပ်ထားတဲ့ MAC address တွေကို CAM လို့ခေါ်တဲ့ content addressable memory ထဲမှာသိမ်းတယ်။
ဒါ့ကြောင့်မို့လည်း တစ်ခါတစ်ရံမှာ MAC address table ကို CAM table လို့ခေါ်ကြတာကလား။
အိုခေ ဒီတော့ switch နဲ့ hub နဲ့မတူညီတာက switch က MAC address နဲ့အလုပ်လုပ်တယ်
hub က MAC address နဲ့အလုပ်မလုပ်ဘူး။ အဓိက ဒါလေးပဲကွာတာ။ ဒီတော့ switch က သက်ဆိုင်ရာ
MAC address ကိုကြည့်ပြီး သက်ဆိုင်ရာ host ကိုပဲ data ပို့တယ်။ hub ကတော့ ဒီလိုမဟုတ်ဘူး။
data frame ကို သူ့နဲ့ချိတ်ဆက်ထားတဲ့ host အားလုံးဆီကိုပို့တယ်။ ဒါ့ပေမဲ့ သက်ဆိုင်ရာ
host ကပဲ အဲဒီ data frame ကိုလှမ်းယူတယ်။ ဒီတော့ host A က host B ကို credit card
no ကိုပို့တာပဲဖြစ်ဖြစ် အခြား အရေးကြီးတဲ့ သတင်းအချက်အလက်တွေကိုပို့တာပဲဖြစ်ဖြစ်
switch ကတော့ သက်ဆိုင်ရာ host တွေဆီကိုပဲတိုက်ရိုက်ပို့လို့ ပြသနာမရှိဘူး။ ဒါပေမဲ့
hub ကြတော့ အားလုံးကိုပို့တာ ဖြစ်တဲ့အတွက် မဆိုင်တဲ့သူတွေပါသိစေတယ်။ ဒါဟာ security
risk တစ်ခုဖြစ်လို့နေပါတယ်။ ဒါ့အပြင်အခြားသေား အားနည်းချက်များစွာကြောင့်လည်း hub ဆိုတာဟာ
ဒီနေ့ modern network တွေမှာ မျိုးတုန်းပျောက်ကွယ်သွားခဲ့တာလေ။
ဒီတော့ ပြောချင်တာစပြီ။ MAC address
flooding attack ဟာ အပေါ်မှာပြောခဲ့တဲ့ hub ရဲ့ အလုပ်လုပ်ပုံကို အတုယူပြီး တိုက်ခိုက်တာဖြစ်ပါတယ်။
ဘယ်လိုတိုက်ခိုက်သလဲဆိုတာကိုတစ်ချက်ချင်းပြောပြမ ယ်။ ပထမဦးဆုံး attacker ဟာ သူ့
computer ကို switch နဲ့ချိတ်ဆက်လိုက်တယ်။ ပြီးတော့ အတုလုပ်ထားတဲ့ source MAC
address တွေအများကြီးပါတဲ့ data frame ကို switch ဆီကို တရစပ်ပို့တယ်။ ဒီအခါမှာ
switch ဆီမှာ ပြသနာစတက်တော့တာပဲ။ ဘာလဲဆိုတော့ switch ရဲ့ CAM memory ဟာ မှတ်သားထားနိုင်တဲ့
memory ကန့်သတ်ချက်ရှိတယ်။ ဒီတော့ သူက attacker ပို့လိုက်သမျှ data frame ရဲ့
source address တွေကို CAM table ပြည့်တဲ့အထိမှတ်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒါက သူ့အလုပ်ကိုး။
ဒါပေမဲ့လည်း သတ်မှတ်ထားတဲ့ size ထက်ကျော်လွန်လာတဲ့အခါမှာ switch ဟာ နောက်ပိုင်း
MAC address တွေကိုထပ်ပြီး မမှတ်နိုင်တော့ဘူး။ ဒီလိုဖြစ်လာတဲ့အခါမှာ switch ဟာနောက်ဆုံးသူ့ရဲ့
ဝိသေသဖြစ်တဲ့ MAC address နဲ့ decision မချနိုင်တော့ဘူး။ ဒီတော့ Hub တစ်လုံးလိုဖြစ်သွားတော့တာပဲ။
ဒီလိုအခြေအနေကို fail-open အခြေအနေလို့ခေါ်ပါတယ်။
ဒီတော့ switch ကဘာလုပ်သလဲဆိုတော့ သူ့ဆီရောက်လာတဲ့ data frame မှတ်သမျှကို
port အားလုံးဆီကို broadcast လုပ်ပြစ်တော့တာပဲ။ ဒီတော့ အရေးကြီးတဲ့ information တွေကို
attacker ဟာ စောင့်ကြည့်လို့ရသွားပြီဖြစ်ပါတယ်။ ဒီလိုနဲ့ security ကျိုးပေါက်သွားတာပဲ။
ဒီတော့
ဘယ်လိုလုပ်မလဲ။ လွယ်ပါတယ်။ switch ကို port တစ်ခုမှာ MAC address ကို ဘယ်လောက်ထိပဲ
learn လုပ်ပါဆိုပြီးသတ်မှတ်ထားလိုက်တာပေါ့။ ဒီတော့ attacker တစ်ယောက်က ဘယ်လောက်ပဲ
fake MAC address တွေပို့ပို့ သတ်မှတ်မှတ်ထားတဲ့ limit ကျော်ရင်ဆက်ပြီး learn မလုပ်တော့ဘူး။
ဒါကို cisco switch တွေမှာလုပ်လို့ရတယ်။ ဒီ့ထက်ကောင်းတာက ဒီလိုလုပ်လာခဲ့ရင် အလိုလျှောက်
connection ဖြတ်ပြစ်လို့ရတဲ့အထိကောင်းတယ်။ ဒါကို ကျွန်တော် CCNA security အပိုင်းမှာရေးသားခဲ့ပြီးဖြစ်တဲ့ Cisco's Port Security မှာကျွန်တော်လုပ်ပြခဲ့ပြီးဖြစ်ပါတယ်။
No comments:
Post a Comment