Monday, October 19, 2015

Network Cable ရွေးချယ်ခြင်း


Computer network နဲ့ပါတ်သက်ပြီး အခြေခံကို ကျွန်တော် “computer network ဆိုတာ” ဆိုတဲ့ post မှာဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ computer network တစ်ခုဖြစ်ပေါ်လာဖို့အတွက် အဓိကလိုအပ်ချက်တွေကတော့
၁) NIC card
၂) Cable
၃) IP protocol ( network driver) တွေပါပဲ။
ဒီတော့အခု ကျွန်တော်တို့လေ့လာမှာက Cable ပေါ့။ cable တွေကိုရွေးချယ်ရာမှာ အမျိုမျိုးရှိတယ်။ cable type နဲ့ cable speed တွေအပေါ်မူတည်ပြီးရွေးချယ်ရပါတယ်။ ဒါ့အပြင် network ချိတ်ဆက်မယ့် environment အပေါ်မူတည်ပြီးတော့လည်း ရွေးချယ်ရမယ်ပေါ့။ ဒါပေမဲ့ အခုတော့  အားလုံးကိုပြောနေရရင် စာအရမ်းဆန်သွားမယ်။ ဒီတော့ ကျွန်တော့်အနေနဲ့ တိုက်ရိုက်အသုံးချလို့ရမယ့် cable ကိုပဲပြောကြတာပေါ့။ ဒါကတော့ Ethernet cable ပေါ့။ သူကတော့ UTP cable အမျိုးအစားဖြစ်ပါတယ်။ အောက်ကပုံကတော့ UTP cable အမျိုးအစားဖြစ်တဲ့ Ethernet cable ပဲဖြစ်ပါတယ်။

ပုံ (၃၅)

သူ့မှာ မြင်ရတဲ့အတိုင်း လိမ်ကျစ်ထားတဲ့ကြိုးလေးစုံပါမယ်။ တစ်ခုနဲ့တစ်ခုကိုလည်း မတူညီအောင်အရောင်လေးတွေနဲ့ခွဲထားတယ်။ ဘာဖြစ်လို့အဲလိုခွဲထားသလဲဆိုတော့ network cabling လုပ်တဲ့အခါမှာ တစ်ဖက်နဲ့တစ်ဖက် တူညီတဲ့ cabling ဖြစ်ဖို့အတွက်ဖြစ်ပါတယ်။ ဒီတော့ UTP မှာ မတူညီတဲ့ အမျိုးအစားတွေထပ်ခွဲထားတယ်။ အောက်ကဇယားကိုကြည့်ပါ။


ဇယား (၂)

အဲဒီမှာ မတူညီတဲ့ speed တွေနဲ့ သူတို့ကို ဘယ်နေရာမှာအသုံးချသလဲဆိုတာကိုဖော်ပြထားတယ်။ category 1,2 နဲ့ 4 တို့ကတော့ Ethernet မှာအသုံးမပြုတာတွေလို့အကြမ်းသတ်မှတ်လို့ရတယ်။ category 3 ကျတော့လည်း အခုခေတ်အခြေအနေနဲ့ဆိုရင် အတော်လေး နှေးသွားတဲ့ speed လေ။ 16 Mbps ပဲရတာကိုး။ အခုချိန်မှာ 100 Mbps ဆိုတာ ကွန်ပျူတာကွန်ယက်မှာရှိတဲ့ ပစ္စည်းတိုင်း standard အနေနဲ့ ထောက်ပံ့ထားတယ်လေ။ ဒီတော့ ကျွန်တော်တို့ Ethernet network တစ်ခုတည်ဆောက်တော့မယ်ဆိုရင် ရွေးချယ်ရမယ့် category တွေကတော့ cat 5 , 5e နဲ့ 6 တွေပဲဖြစ်ပါတယ်။ အမြင့်ဆုံးထောက်ပံ့ပေးနိုင်တဲ့ cat 6 ကိုရွေးချယ်တာကတော့ အကောင်းဆုံးပေါ့။ ဒါပေမဲ့လည်း ဈေးကြီးမယ်လေ။ ကိုယ့် network ကို 100 Mbps ဒါမှမဟုတ် 1000Mbps speed နဲ့တည်ဆောက်မယ်ဆိုရင်တော့ cat 5e လောက်နဲ့တင်အဆင်ပြေပါတယ်။ မဟုတ်ရင်တော့ အပိုကုန်ကျစရိတ်တွေရှိသွားမှာပေါ့။ ပြီတော့ ကိုယ်ရွေးချယ်ထားတဲ့ Ethernet cable ကဘယ်လောက်ပဲ speed ကောင်းနေပါစေ network မှာတပ်ဆင်ထားတဲ့ switch တွေ host တွေမှာပါရှိတဲ့ NIC card တွေက အဲဒီ speed ကိုမထောက်ပံ့နိုင်ရင် ကြိုးကောင်းလည်း အလကားပါပဲ။ ဒီနေရာမှာ အရေးကြီးတာ တချက်သိထားဖို့က network တစ်ခုတည်ဆောက်မယ်ဆိုရင် network ထဲမှာရှိတဲ့ device အားလုံးက တူညီတဲ့ speed ရှိမှသာလျှင် network ရဲ့ overall performance ကတက်လာမှာဖြစ်ပါတယ်။ အိုခေ? ဒီတော့ network cable ကိုရွေးချယ်တတ်ပြီထင်ပါတယ်။ နောက်သင်ခန်းစာမှာတော့ Ethernet cabling ကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။


No comments:

Post a Comment