Saturday, October 31, 2015

LAB 007 - Cisco’s Port Security


          သီတင်းကျွတ်ကာလမှာ အားလုံးပျော်ကြပါးကြနဲ့ သူငယ်ချင်းအပေါင်းအသင်းမိတ်ဆွေတွေနဲ့ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းခဲ့ပြီးကြပြီ။ ဒီတော့ cisco ရဲ့ port security အကြောင်းလေးကိုလည်း ပေါ့ပေါ့ပါးပါးလေး လေ့လာကြည့်ရအောင်ဗျာ။ port security ဆိုတာကတော့ management switch တွေမှာ သုံးတဲ့ security feature တစ်မျိုးပါပဲ။ ပြောရရင်တော့ cisco မှမဟုတ်ဘူး management switch အတော်များများမှာ support လုပ်ပေးထားတယ်။ သူကဘာလုပ်ပေးတာလဲပေါ့။ ကျွန်တော့်ကွန်ပျူတာကို cisco switch ရဲ့ port no fa0/1 မှာတပ်ထားတယ်၊ ပြီးတော့ ကျွန်တော့်ကွန်ပျူတာနဲ့ ချိတ်ဆက်ပြီး port security ကို on ထားလိုက်တယ်ပေါ့။ ဒီတော့ ကျွန်တော်မရှိတုန်း တစ်ယောက်ယောက်က ကျွန်တော့်နေရာမှာလာထိုင်၊ ပြီးတော့ သူ့အိမ်ကပါလာတဲ့ laptop လေးကိုထုတ်၊ IP လေးထည့်ပြီး ကျွန်တော့် network cable ကိုဆွဲဖြုတ်ပြီး သူ့ကွန်ပျူတာမှာတပ်လိုက်တယ်ပေါ့။ သာမန်အခြေအနေတစ်ခုမှာ ဆိုရင်တော့ သူ့အနေနဲ့ network access ရသွားမှာပေါ့။ ဒီတော့ဘာဖြစ်မလဲ ကျွန်တော်တို့ network နဲ့ မသက်ဆိုင်တဲ့ PC တစ်လုံးက network ထဲမှာရှိတဲ့ resources တွေကိုယူလို့ရသွားတာပေါ့။ ဒါဆိုရင် security ကျိုးပြီလေ။ ဒီလိုမျိုးမဖြစ်အောင် အခုကျွန်တော်က port security ကို on လိုက်တယ်၊ ပြီးတော့ ကျွန်တော့်ကွန်ပျူတာမဟုတ်တဲ့ အခြားကွန်ပျူတာတစ်ခုလာသုံးခဲ့ရင် သုံးလို့မရအောင်လုပ်ထားနိုင်တယ်။ ဒါဟာ port security ပါပဲ။ အရှင်းဆုံးပြောရရင်တော့ layer 2 security လုပ်ထားလိုက်တာပေါ့။ ဒီတော့ port security ကို configure မလုပ်ခင်လေးမှာ step by step လုပ်ရမှာတွေ သိထားရမှာလေးတွေကိုအရင်ပြောပြပါ့မယ်။  သိထားရမှာက port security ကို configure လုပ်မယ့် port သည် Trunk နဲ့ Etherchannel port တွေမဖြစ်ရပါဘူး။ ဒါကလည်း လွယ်ပါတယ်။ Trunk တို့ etherchannel တို့ဆိုတာက uplink တွေပဲမဟုတ်လား၊ ဒီတော့ သူ့ဆီကနေပြီး mac-address ပေါင်းများစွာ learn လုပ်ရမှာပဲ။ ဒါမှ ဟိုဘက် ဒီဘက် host တွေကို link ချိတ်ပေးနိုင်မှာပေါ့။ ဒါကိုမှ port security on ထားလိုက်မိတယ်ဆိုရင် ဘယ်အလုပ်လုပ်ပါတော့မလဲနော်။ port security ကို configure လုပ်တဲ့အခါ အောက်ပါအတိုင်း step by step လုပ်ပေးပါ။
အောက်က network topology ကိုလုပ်ကြည့်မယ်။


အဲဒီမှာ trusted user နဲ့ untrusted user ဆိုပြီး computer နှစ်လုံးရှိမယ်။ ပြီးတော့ ပုံထဲကအတိုင်း IP တွေ ပေးလိုက်မယ်။ အဲဒီမှာ ကျွန်တော် vlan 1 ကို IP ပေးထားတာကိုတွေ့မှာပါ။ ဘာကြောင့်လို့ပေးထားလဲဆိုတော့ port security က layer 2 ethernet frame ပို့မှအလုပ်လုပ်တာဗျ။ ဆိုလိုတာကဗျာ switch ရဲ့ CAM table မှာ ပထမဆုံးဆိုရင် ဘာမှမရှိသေးဘူးလေ။ ဒီတော့ သူ့ဆီကနေဖြတ်သွားတဲ့ arp request  တွေကိုကြည့်ပြီး CAM TABLE ကိုတည်ဆောက်တာမဟုတ်လား။ ဘယ် port ကနေ ဘယ် mac-address လာသလဲဆိုတာကြည့်ပြီး port no နဲ့ MAC ကိုတွဲပေးတယ်လေ။ ဒါကို arp တုန်းက ကျွန်တော်ပြောခဲ့ပါတယ်။ မသိသေးရင် ဒီမှာ ကြည့်လိုက်နော်။ ဒီတော့ ကျွန်တော်တို့က port security ကို on ပြီးပေးမယ့်လည်း layer 2 frame မပို့သေသရွေ့တော့ သူက mac-address မသိသေးဘူး။ ဒီတော့ port security ကအလုပ်မလုပ်သေးဘူးပေါ့။ စပြီးတော့ ping လိုက်မှပဲ source mac-address ကိုကြည့်ပြီးအလုပ်လုပ်တာကိုးဗျ။ ဒီတော့ ping လို့ရအောင် vlan 1 ကို IP ပေးထားလိုက်တာပါ။ အိုခေနော်။ ဒီတော့ ကျွန်တော်က trusted user ရဲ့ pc  ကိုပဲ port no fa0/1 မှာချိတ်ဆက်စေချင်တယ်ပေါ့။ အကယ်လို့များ untrusted user pc ကလာချိတ်လိုက်တာနဲ့ port ကို shutdown ကျသွားစေချင်တယ်။ ဒီတော့ စလိုက်ရအောင်။ switch ထဲကိုဝင်ပြီး configure လုပ်မယ်။

Port security on မယ့် port ထဲကိုဝင်လိုက်တယ်၊ ပြီးတော့ အောက်ကအတိုင်း configuration တွေကိုရိုက်ထည့်မယ်။


အဲဒီမှာတွေ့လား၊ ပထမဦးဆုံး access mode ကိုပြောင်းတယ်။ ပြီးတော့ port security ကို on လိုက်တယ်။ နောက်ပြီး mac-address ဘယ်နှစ်ခုကိုအများဆုံး လက်ခံမှာလဲပေါ့။ ကျွန်တော့်စက်တစ်လုံးတည်းဆိုတော့ 1 လို့ထားလိုက်တယ်။ ပြီးတော့ mac-address sticky ဆိုတာကတော့ ကျွန်တော့်စက်ရဲ့ mac-address ကို manual ရိုက်ထည့်ပေးမနေတော့ဘူး၊ သူ့ဘာသာ သူ learn လုပ်ပြီး မှတ်ထားခိုင်းလိုက်တာ။ နောက်ဆုံးတစ်ကြောင်းကတော့ အခြား mac-address နဲ့လာခဲ့ရင် port ကို shutdown လုပ်ပြစ်လိုက်ပါလို့ပြောလိုက်တာ။ ဒီတော့ ကျွန်တော် အခုချိန်မှာ show running-config နဲ့ switch ရဲ့ configuration ကိုကြည့်လိုက်တော့ ဒီလိုတွေ့ရမယ်။



အဲဒီမှာတွေ့လား swtich က အခုထိ ကျွန်တော့်ရဲ့ mac-address ကိုမသိသေးတော့ mac-address sticky လို့ပဲပြနေသေးတယ်။ ဒီလိုအချိန်မှာ trusted user pc ကနေ vlan 1 ရဲ့ IP 192.168.1.1 ကို လှမ်း ping ကြည့်လိုက်တယ်။ reply ပြန်တာကိုတွေ့ရမှာပါ။



ဒီတော့ running-config ကိုပြန်ကြည့်ရင် ကျွန်တော့် pc ရဲ့ mac-address ကို learn လုပ်ထားတာကိုတွေ့ရမှာပါ။



ဒါဆိုရင် port security က ကျွန်တော့် mac-address ကိုသိသွားပြီ။ နောက်တစ်ခါ port no fa0/1 ကလာတဲ့ layer 2 frame မှန်သမျှ source mac-address 00D0.BA44.76CC မဟုတ်ရင် port က shutdown ပဲ။ မိုက်တယ်နော်။ ဒီတော့ စမ်းကြည့်ပါ။ untrusted user pc ကို port no fa0/1 မှာထိုးပြီး 192.168.1.1 ကို ping ကြည့်လိုက်။ ဒီလို အနီရောင်ပြပြီး port ကို shutdown လုပ်ထားလိုက်တာကိုတွေ့ရမှာပါ။ မိုက်တယ်နော်။



အော်။ မေ့တော့မလို့ port security ကို configure လုပ်ပြီးပြီ mac-address ကိုလည်း learn လုပ်ထားပြီးပြီဆိုရင် copy running-config startup-config ကိုသုံးပြီး အရင် save ထားနော်။ မဟုတ်ရင် switch ကို power ပိတ်ပြီး ပြန်ဖွင့်တာနဲ့ untrusted user ကသုံးလို့ရသွားမှာ။


No comments:

Post a Comment