အိုခေ ဒီနေ့တော့ စိတ်ဝင်စားဖို့ကောင်းတဲ့
PPP ရဲ့ authentication အကြောင်းကိုပြောကြမယ် lab လုပ်ကြည့်မယ်။ HDLC တို့ PPP တို့ဆိုတာ
router တွေ serial link နဲ့ချိတ်ဆက်တဲအခါမှာသုံးတဲ့ data encapsulation protocol တွေဖြစ်ကြတယ်ဆိုတာကျွန်တော်ပြောခဲ့ပြီးပါပြီ။
HDLC ဟာ router နှစ်လုံးကို serial link နဲ့ချိတ်ဆက်လိုက်တာနဲ့ အသုံးပြုတဲ့
default encapsulation ဖြစ်တယ်။ ပြီးတော့ သူက authentication လုပ်လို့မရဘူး။ PPP ကတော့
အဲလိုမဟုတ်ဘူး။ router နှစ်လုံးကို serial link နဲ့ချိတ်ဆက်ပြီးတော့ IP ပေး၊ ပြီးတော့
no shutdown တို့ clock rate တို့ကြေညာလိုက်ရုံနဲ့ router နှစ်လုံးဟာ connection မရဘူးဗျ။
ဘယ်ရမလဲဗျ သူ့မှာ authentication လုပ်လို့ရတာကိုး။ ဒီတော့ router နှစ်လုံးကြားက သဘောတူညီမှုယူထားတဲ့
username တွေ password တွေကိုသုံးပြီးမှသာလျှင် router နှစ်လုံးဟာ စပြီးအလုပ် လုပ်ပါတယ်။
အဲဒီလို authentication လုပ်တဲ့အခါမှာ PPP ကသုံးတဲ့ protocol နှစ်ခုရှိတယ်။ အဲဒါတွေကတော့
PAP ( password authentication protocol ) နဲ့ CHAP ( challenge handshake
authentication protocol) တို့ပဲဖြစ်ပါတယ်။ PAP ဟာ clear text ကိုအသုံးပြုတာဖြစ်ပြီး
CHAP ကတော့ encrypted text ကိုအသုံးပြုတာဖြစ်လို့ ပိုပြီး secure ဖြစ်စေပါတယ်။ ဒီတော့
ဒီနေ့ PAP ကို lab စလုပ်ကြတာပေါ့။
ပုံမှာ
router နှစ်လုံးကို serial link နဲ့ချိတ်ဆက်ထားတယ်။ ပြီးတော့ R2 က DCE device အနေနဲ့
ဆောင်ရွက်ပေးမှာမို့ clock rate ကြေညာပေးရမယ်။ ပြီးတော့ IP ကို subnet ခွဲထားတာတွေ့ရမယ်။
host ပေါင်း 14 လုံးသုံးလို့ရမယ့် network တစ်ခုကိုခွဲထားတာဖြစ်ပါတယ်။ ရေးပြရမယ်ဆိုရင်
Network
address – 10.0.254.0
Subnet
mask - 255.255.255.240 ဖြစ်ပါတယ်။ ဒါ့ကြောင့်
router 1 ကို 10.0.254.1 လို့ပေးပြီး router 2 ကို 10.0.254.2 လို့ပေးရမှာပါ။
ပြီးတော့
serial 0/0 interface တွေပေါ်မှာ encapsulation PPP ဆိုတာတွေထိကို လုပ်သွားယုံပဲ။ မေ့နေရင်
LAB 015 မှာပြန်ကြည့်ပေးပါ။ ကျွန်တော်ကတော့ ဘာတွေကိုဆက်လုပ်ရမလဲပဲပြောပြတော့မယ်။
Router
1 မှာ authentication လုပ်ဖို့အတွက် အရင်ဦးဆုံး local database မှာ username၊
password တွေကို create လုပ်ပေးရမှာဖြစ်ပါတယ်။ ရိုက်ရမယ့် command တွေကတော့
R1(config)#
username R2 password R2pw ( အပြာရောင်နဲ့ပြထားတဲ့နေရာမှာ
ကြိုက်ရာထည့်သွင်းပေးနိုင်ပါတယ်။ )
R1(config)#
int se0/0
R1(config)#
ppp authentication pap
R1(config)#
ppp pap sent-username R1 password
R1pw ( ဒါကတော့ အခြားတစ်ဖက်မှာတည်ဆောက်ထားတဲ့ username / password နဲ့တူကို
တူနေရမှာဖြစ်ပါတယ်)
Router
2 မှာရိုက်ရမယ့် command တွေကတော့
R2(config)#
username R1 password R1pw ( အပြာရောင်နဲ့ပြထားတဲ့နေရာမှာ
ကြိုက်ရာထည့်သွင်းပေးနိုင်ပါတယ်။ )
R1(config)#
int se0/0
R1(config)#
ppp authentication pap
R1(config)#
ppp pap sent-username R2 password
R2pw ( ဒါကတော့ အခြားတစ်ဖက်မှာတည်ဆောက်ထားတဲ့ username / password နဲ့တူကို
တူနေရမှာဖြစ်ပါတယ်)
ဒီလိုဆိုရင်
ကျွန်တော်တို့ PAP ကိုအသုံးပြုပြီး authentication ပြုလုပ်ခြင်း ပြီးဆုံးပြီဖြစ်ပါတယ်။
စမ်းသပ်ချင်တယ်ဆိုရင် password တွေ username တွေကို changes လုပ်ကြည့်ပါ။ တစ်လုံးနဲ့တစ်လုံး
ping လို့မရတော့တာတွေ့ရပါလိမ့်မယ်။ သက်ဆိုင်ရာ lab file ကိုအောက်မှာရယူနိုင်ပါတယ်။
No comments:
Post a Comment