Tuesday, March 8, 2016

Lab 010 - Restricting VLANs on Trunks


          ခရီးတွေဆက်တိုက်ဖြစ်နေတော့ စာတင်တာနည်းနည်းလေး ကျဲသွားတယ်။ ဆောရီပါလို့ တောင်းပန် ပါရစေ။ ဒီနေ့ကျွန်တော်ပြောမှာကတော့ Trunk ပေါ်မှာ ဘယ် VLAN တွေကိုပဲ ပေးသွားမယ်ဆိုတဲ့ command အကြောင်းကိုပြောပြပေးပါမယ်။ ဒီတော့ ဘာ့ကြောင့် trunk တွေပေါ်မှာ vlan တွေကို ကန့်သန့်ရသလဲပေါ့။ ဘာ့ကြောင့်လဲဆိုတော့ ပုံမှန်အားဖြင့် switch နှစ်ခုအကြား trunk link ကို on လိုက်ပြီဆိုရင် အဲဒီ trunk ပေါ်မှာ VLAN 1 ကနေ 1005 အထိကို အလိုလျှောက် ဖြတ်သန်းခွင့်ပေးမှာဖြစ်ပါတယ်။ ဒီတော့ အချို့က trunk ပေါ်မှာ VLAN တွေအများကြီး ထားလိုက်ရင် bandwidth ကိုထိခိုက်နိုင်တယ်၊ security အရလည်းအားနည်း ချက်တွေဖြစ်ပေါ်စေတယ်လို့ပြောတယ်။ server site network ဘက်ကလည်း STP က မလိုအပ်တဲ့ VLAN တွေကိုပါတွက်ချက်နေရလို့ process ပိုတယ်လို့ပြောကြတယ်။ ဘာတွေပဲဖြစ်ဖြစ်ပေါ့ဗျာ cisco engineer တစ်ယောက်အနေနဲ့ မလိုအပ်တဲ့ VLAN တွေကို restrict လုပ်ခြင်းဟာ သိထားသင့်တဲ့ topic တစ်ခုပဲဖြစ်ပါ တယ်။ အိုခေ ဒီတော့ trunk link အပေါ်မှာ ဘယ် VLAN ကိုပဲ သွားခွင့်ပေးမယ်ဆိုတာကို သတ်မှတ်ပေးရအောင်။ အောက်က topology ကိုကြည့်ပါ။



         
          ပုံမှာ ကျွန်တော် vlan 3 ခုတည်ဆောက်ထားတယ်။ ပုံမှန်ဆိုရင် switch နှစ်လုံးမှာရှိတဲ့ VLAN တူတဲ့ PC တွေသည် အချင်းချင်း ping လို့ရနေမယ်။ ဘာဖြစ်လို့လည်းဆိုတော့ switch နှစ်လုံးကြားထဲက trunk link ဟာ VLAN အားလုံးကိုဖြတ်သန်းခွင့်ပြုထားလို့ပဲဖြစ်ပါတယ်။ ဒါကို ကျွန်တော်အောက်မှာကြည့်ပြထားပါတယ်။





          ပုံမှာတွေ့တဲ့အတိုင်း vlan allowed on trunk ဆိုတဲ့အောက်မှာ 1-1005 ဆိုတာကိုတွေ့ရမှာဖြစ်ပါ တယ်။ ဒါက ဘာကိုပြောတာလဲဆိုတော့ ရှိသမျှ vlan အားလုံးကို ခွင့်ပြုထားတယ်ဆိုတာကို ပြောတာဖြစ်ပါ တယ်။ ဒီတော့ ကျွန်တော်တို့က အဲဒီ trunk link ပေါ်မှာ VLAN အားလုံးကို သွားခွင့်မပေးတော့ဘူး။ VLAN 10 ကိုပဲ ခွင့်ပြုတော့မှာဖြစ်ပါတယ်။ ဒီတော့ result အနေနဲ့ဘာဖြစ်လာမလဲဆိုတော့ vlan 10 ထဲကိုထည့်ထားတဲ့ PC တွေကိုသာလျှင် trunk က သယ်ဆောင်ပေးတော့မှာဖြစ်ပါတယ်။ ဒီတော့ ကျန်တဲ့ vlan ထဲက PC တွေဟာ connection ရတော့မှာမဟုတ်တော့ပါဘူး။ အိုခေ လုပ်ရမယ့် step တွေကိုပြောပြမယ်။

Step 1) ပုံမှာပြထားတဲ့အတိုင်း topology ကိုတည်ဆောက်မယ်။

Step 2) ip address တွေကိုပေးမယ်။ vlan တွေတည်ဆောက်မယ်။ နောက်ပြီး switch 2 ကို VTP SERVER အဖြစ်ထားမယ်၊ switch 3 ကိုတော့ VTP CLIENT အဖြစ်ထားမယ်။ VTP domain name ကို techgate.com လို့ပေးလိုက်မယ်။ VTP password ကိုတော့ cisco လို့ပေးမယ်။

Step 3) အနေနဲ့ကတော့ switch နှစ်လုံးကြား link ကို trunk link on ပေးမယ်။ ပြီးတော့ PC နဲ့ချိတ်ဆက်ထားတဲ့ port တွေကို သက်ဆိုင်ရာ VLAN တွေထဲကိုထည့်မယ်။

Step 4) နောက်ဆုံးအနေနဲ့ trunk link ပေါ်မှာ VLAN 10 ကိုပဲ allow လုပ်ပြီး ကျန်တဲ့ VLAN တွေကို restrict လုပ်မယ်။ အားလုံးပြီးပြီဆိုရင်တော့ VLAN 10 ထဲကိုရောက်နေတဲ့ PC တွေသာလျှင် ping လို့ရတော့မှာဖြစ်ပါတ ယ်။ ကျန်တဲ့ VLAN 20 နဲ့ 30 ထဲက PC တွေကတော့ ping လို့ရတော့မှာမဟုတ်ပါဘူး။ ဘာဖြစ်လို့လည်းဆိုေ တာ့ trunk link သည် VLAN 10 ကိုသာလျှင် allow လုပ်လို့ဖြစ်ပါတယ်။

          ဒီတော့ step 1,2,3 တွေကို မပြောတော့ဘူးနော်။ ကျွမ်းနေပြီမဟုတ်လား။ J ဒီတော့ ဒီ lab ရဲ့ အဓိကအပိုင်းဖြစ်တဲ့ step 4 ကိုပဲ ကျွန်တော် configure လုပ်ပြပါမယ်။ 

step 4 မှာရိုက်ရမယ့် command တွေကတော့
Switch 2 နဲ့ switch 3 နှစ်လုံးစလုံးမှာ

()# switchport trunk allowed vlan 10

ဒီလိုလုပ်ပြီးတဲ့အခါမှာ #show interface trunk ဆိုတဲ့ command နဲ့ကြည့်ရင် အောက်ပါအတိုင်း vlan allowed မှာ 10 ကိုပဲတွေ့ရတော့မှာဖြစ်ပါတယ်။



ဒီလိုဆိုရင်တော့ ကျွန်တော်တို့ lab ဟာပြီးဆုံးပြီဖြစ်ပါတယ်။ အခက်တွေ့နေမှာစိုးတဲ့အတွက် ကျွန်တော် lab file ကိုပါအောက်မှာ တင်ပေးထားပါတယ်။ show run ဆိုတဲ့ command ကိုသုံးပြီး ကျွန်တော် configured လုပ်ထားတာတွေကိုကြည့်နိုင်ပါတယ်။




No comments:

Post a Comment