ကျွန်တော် CCNA ကိုစတင်လေ့လာတဲ့အချိန်
2013 လောက်က CCNA သင်တန်းတော်တော်များများက GNS3 ကိုသိပ်ပြီးမသင်ပေးကြပါဘူး။ အထူးတလည်ကြီးလိုအပ်တာလည်းမဟုတ်ဘူး၊
CCNA scope အတွက်ဆိုရင် Cisco packet tracer နဲ့တင်လုံလောက်တယ်ဆိုတော့ကား GNS3 ကိုမသင်ကြပါဘူး။
ဒါပေမဲ့ ကျွန်တော့်အနေနဲ့ အခု GNS3 ကိုဘယ်လို configure လုပ်ရမယ်ဆိုတာကို step by
step ပြောပြပေးသွားပါ့မယ်။ လိုအပ်တဲ့ file တွေကိုတော့ ကျွန်တော့်ကို comment ရေးပေးခဲ့တာပဲဖြစ်ဖြစ်တောင်း
ဆိုနိုင်ပါတယ်။ ဒီတော့ မလိုအပ်တာကို ဘာလို့အထူးတလည်ပြောနေတော့မှာလဲပေါ့။ ကျွန်တော်တို့
cisco လမ်းကြောင်းပေါ်ကိုရောက်လာပြီ။ ဒီ့ထက်လည်း cisco နဲ့ပါတ်သက်တဲ့ နည်းပညာတွေကို
advance level အထိဆက်သွားမယ်၊ eg. CCNP CCIE ပေါ့ဗျာ။ ဒီလိုဆိုရင်တော့် cisco
packet tracer သည် အဲဒီ advance level တွေအတွက် lab တွေကို စမ်းသပ်ပြုလုပ်ဖို့မလုံလောက်တော့ပါဘူး။
ဒီတော့ကား ကျွန်တော်တို့အနေနဲ့ GNS3 ကိုစတင်ထိတွေ့ရတော့မှာဖြစ်ပါတယ်။ ဒီတော့ CCNA
level ကတည်းက GNS3 ကိုစပြီးလေ့လာလုပ်ဆောင်သွားမယ်ဆိုရင် NP တို့ IE level တို့ရောက်တဲ့အခါ
အထူးတလည်လေ့လာနေဖို့ မလိုတော့ဘူး။ ပြီးတော့ GNS3 က packet tracer ထက်ပိုကောင်းတဲ့အချက်တွေက
တကယ့် real ios image တွေကိုထည့်သုံးပြီး run ထားလို့ real router တစ်လုံးကို ကိုင်တွယ်နေရသလိုပဲဖြစ်နေမှာပါ။
ပြီးတော့ packet tracer က support မလုပ်နိုင်တဲ့ အချို့သော NP နဲ့ IE level မှာအသုံးပြုတဲ့
command တွေကိုလည်း ထောက်ပံ့ပေးနိုင်တယ်။ ဒါဟာကောင်းတဲ့အချက်တစ်ခုဖြစ်ပါတယ်။
packet tracer ဟာ ကန့်သန့်ချက်များလွန်းတဲ့ simulator တစ်ခုဖြစ်တာကို NP level လောက်တက်ထားတဲ့သူဆိုရင်သိလာမှာပါ။
ဒီတော့ GNS3 ဟာကျွန်တော်တို့အတွက် မရှိမဖြစ်လိုလာမယ့် Simulator ဖြစ်ပါတယ်။ ဒါနဲ့ပြောဖို့မေ့နေတယ်
GNS 3 ဆိုတာ Graphical Network Simulator 3 ပဲဖြစ်ပါတယ်။ အိုခေ ဒီတော့ကျွန်တော်တို့တွေ
GNS3 ကိုစပြီး configure လုပ်ကြည့်ရအောင်။
Cisco ios image တွေကို GNS3 မှာမထည့်မီ
GNS3 ကို https://gns3.com/ မှာ တိုက်ရိုက်
download ရယူပြီး install အရင်လုပ်ဖို့လိုပါတယ်။ install လုပ်ပြီးသွားပြီဆိုရင်တော့
ကျွန်တော်တို့ ios image တွေကိုစပြီးထည့်ကြည့်ရအောင်။
ပထမဦးဆုံး
GNS3 ကိုစဖွင့်လိုက်တာနဲ့ ဒီလို main page ကိုတွေ့ရမယ်။
အဲဒီမှာ
screen ရဲ့ ဘယ်ဘက်မှာရှိတဲ့ router တွေကိုသုံးလို့ရဦးမှာမဟုတ်ပါဘူး။ ဒီတော့ သူတို့အတွက်
router ios image တွေကိုထည့်ပေးရမယ်။ ဒါ့ကြောင့် edit menu ထဲက ios images and
hypervisors ထဲကို အောက်ပါပုံအတိုင်းဝင်ပေးရပါမယ်။
ပြီးတော့
အောက်ကပုံမှာပြထားတဲ့အတိုင်း browse button ကိုနှိပ်ပြီး ကျွန်တော်တို့သွင်းလိုတဲ့
router ios image ကိုထည့်သွင်းပေးရမှာဖြစ်ပါတယ်။ သက်ဆိုင်ရာ iso image တွေကိုတော့
google မှာ ios images for GNS3 လို့ရိုက်ရှာပြီး down ယူနိုင်ပါတယ်။
အဲဒီမှာ
ကျွန်တော်တို့ သက်ဆိုင်ရာ IOS file ကို browse လုပ်ပြီးသွင်းလိုက်တာနဲ့ အောက်က
platform တို့ model တို့ကို auto ဖော်ပြပေးမှာပါ။ သီးသန့်ကြီးလုပ်နေဖို့မလိုပါဘူး။
ပုံမှာတော့ C7200 ios image ကိုထည့်ထားလို့ platform နေရာမှာ c7200 လို့ပြနေတာဖြစ်ပါတယ်။
တကယ်လို့များ ပြမနေဘူးဆိုရင်တော့ သက်ဆိုင်ရာ model no ကိုရွေးပေးလိုက်ရမှာဖြစ်ပါတယ်။
ဒါပေမဲ့လည်း အဖြစ်နည်းပါတယ်။ အိုခေး? ပြီးရင်တော့ အောက်ပါပုံအတိုင်း save ကိုနှိပ်ပေးလိုက်ရမှာဖြစ်ပါတယ်။
ဒီနေရာမှာ
တစ်ခုသိထားဖို့က ကျွန်တော်တို့ save လုပ်တဲ့အခါမှာ warning: IDLE PC will have … ဆိုတဲ့
အနီရောင်စာတန်းကို box ရဲ့အောက်နားမှာဖော်ပြနေမှာဖြစ်ပါတယ်။ အောက်ကပုံကိုကြည့်ပါ။ ဒါကို
နောက်ပိုင်း မှဖြေရှင်းမှာဖြစ်လို့ အခုတော့ close လုပ်ပြီးထွက်လိုက်ပါ။
နောက်တစ်ဆင့်အနေနဲ့
GNS 3 အတွက် configure လုပ်ပေးရမယ့် အခြားအပိုင်းတွေကိုဆက်လုပ်ပေး ရမှာဖြစ်ပါတယ်။ အဲဒီအတွက်
အောက်ကပုံအတိုင်း edit menu ထဲက preferences… ကို click ပေးပါ။
ဒီအခါမှာ
အောက်ပါပုံအတိုင်း general preference screen ကိုတွေ့ရမှာဖြစ်ပါတယ်။
အဲဒီအထဲကမှ
terminal settings ဆိုတဲ့ tab ကိုသွားပြီး terminal application တွေကို drop down
list ကနေလိုအပ်သလိုထားပေးနိုင်ပါတယ်။ default အားဖြင့်တော့ putty ( windows ) ဆိုတာကိုရွေးထားတာတွေ့
ရမှာဖြစ်ပါတယ်။ ကျွန်တော်ကတော့ supper putty ကိုသုံးဖြစ်တယ်။ ဒီမှာတော့တွေ့ရမှာမဟုတ်ဘူး။
gns3 ကို install လုပ်တုန်းကသွင်းထားလိုက်လို့ရတယ်။ ဒီအတိုင်းထားသုံးလည်းရတယ်။ ပြသနာမရှိဘူး။
အိုခေး
ဒီတစ်ခုကတော့အရေးအကြီးဆုံးနဲ့
အဖြစ်အများဆုံးဖြစ်ပါတယ်။ အောက်ကပုံအတိုင်း dynamips ထဲကိုဝင်ပြီးတော့ အောက်ဆုံးက
test settings ဆိုတာကို click ခေါက်ပေးပါ။ အစိမ်းရောင်စာတန်းလေးပေါ်လာတယ်ဆိုရင် ကျွန်တော်တို့
ios ကိုအဆင်ပြေပြေသုံးလို့ရပါပြီ။ မဟုတ်ဘူးဆိုရင်တော့ gns3 ကိုဖွင့်ပြီး router ၂ လုံး
၃ လုံးလောက် run လိုက်တာနဲ့ computer က လေးသွားလိမ့်မယ်။
ပြီးရင်တော့
hypervisor manager ဆိုတဲ့ tab ထဲမှာ ios ကအသုံးပြုမယ့် memory usage ကို limit ပေးထားလို့ရတယ်။
ဒါပေမဲ့လည်း အခုမှစပြီး gns3 ကိုသုံးတယ်ဆိုရင်တော့ လုပ်ပေးဖို့မလိုပါဘူး။ default အတိုင်းပဲထားပြီးသုံးလို့ရပါတယ်။
ဒါတွေအားလုံးကို
လုပ်ပြီးပြီဆိုရင်တော့ ကျွန်တော်တို့အနေနဲ့ cisco labs တွေကို gns 3 ပေါ်မှာ run လို့ရပြီဖြစ်ပါတယ်။
အားလုံးပဲအဆင်ပြေကြမယ်လို့ထင်ပါတယ်။ ကျွန်တော့်ကို gns3 အတွက် လိုအပ်တဲ့ ios image တွေ file တွေကို upload မတင်ပေးထားလို့အခက်အခဲရှိနေတယ်ဆိုရင် comment ပေးထားခဲ့နိုင်ပါတယ်။ file size ကလည်း ကြီးတော့အဆင်မပြေဘူးဖြစ်နေလို့ပါ။ သိချင်တာတွေမေးချင်တယ်ဆိုလို့ရှိရင်တော့ ciscocert.trainer@gmail.com ကိုမေးလ်ပို့ပြီး မေးမြန်းနိုင်ပါတယ်။
bro, Idle pc လုပ်ပးရတယ်ပြောတယ် ပြောပြပေးပါဦး
ReplyDelete