Sunday, November 22, 2015

Network ဆိုတာဘာလဲ


    ကွန်ပျူတာ network တစ်ခုဆိုတာ protocol လို့ခေါ်တဲ့ ဘုံသုံး စံသတ်မှတ်ချက်အခိျု့ကို သုံးပြီးဆက်သွယ်နိုင်တဲ့ ကိရိယာတွေ ချိတ်ဆက်ထားတဲ့ စနစ်တစ်ခု အနေနဲ့ ဖော်ပြနိုင်ပါတယ်။ ဒီ Devices တွေက files, printer ကဲ့သို့သော resources များနှင့် services များကို ဖလှယ်ဖို့ ဆက်သွယ်ထားကြတာပါ။

 ဒီပုံကတော့ ကွန်ပျူတာ နှစ်လုံး အတူတကွ ချိတ်ဆက်တာတဲ့ နမူနာ network တစ်ခုဖြစ်ပါတယ်။






အပေါ်က ဥပမာမှာ ကွန်ပျူတာတာနှစ်လုံးကို ကြိုးတစ်ချောင်းနဲ့ တိုက်ရိုက်ချိတ်ဆက်ထားတာပါ။ ဒီ Network ကတော့ ကွန်ပျူတာနှစ်လုံး ကြားမှာ ပဲ data တွေကို ဖလှယ်ဖို့အတွက်သုံးနိုင်ပါတယ်။ ကျွန်တော်တို့ network ကို ချဲ့ချင်ရင် ကျွန်တော်တို့ဘာတွေလိုမလဲ? ဟုတ်ကဲ့ network device တစ်ခုကိုသုံးနိုင်ပါတယ်။ နှစ်လုံးထက်ပိုတဲ့ကွန်ပျူတာများကို ချိတ်ဆက်ချင်တယ်ဆိုရင်တော့ Switch သို့မဟုတ် hub ကို သုံးနိုင်ပါတယ်။




ခုတော့ network ပေါ်မှာရှိတဲ့ device အားလုံးက တစ်ခုနဲ့တစ်ခု ဆက်သွယ်နိုင်ကြပြီပေါ့ဗျာ။

နောက်ပိုင်းမှာတော့ ကျွန်တော်တို့ switch နှင့် hub တွေအကြောင်းကို ထပ်ပြောကြပါမယ်။အခုတော့ ဒီပစ္စည်းတွေဟာ သူ့ကိုဆက်သွယ်ထားတဲ့ ကွန်ပျူတာအားလုံးရဲ့ central point တစ်ခုအနေနဲ့ဆောင်ရွက်ပေးတယ်ဆိုတာကို မှတ်ထားပေးရုံလေးပါပဲ။

No comments:

Post a Comment