Sunday, November 29, 2015

OSI model ( Open System Interconnection)

              OSI model ဆိုတာ ကျွန်တော်တို့တတွေ ၂၁ ရာစုမှာရေပန်းအစားဆုံးနည်းပညာဖြစ်လာတဲ့ networking technology ကိုအဓိကဖော်ဆောင်ပေးတဲ့ သတ်မှတ်ချက် guideline တစ်ခုပဲဖြစ်ပါတယ်။ ဘာ့ကြောင့် ကျွန်တော်က OSI model ကို guideline လို့ခေါ်ရသလဲဆိုရင်တော့ OSI model ဆိုတာ protocol တစ်ခုမဟုတ်ပါဘူး။ software တစ်ခုမဟုတ်ပါဘူး။ computer network တစ်ခုဖြစ်ပေါ်လာဖို့ vendor တွေအားလုံးသည် ဒီစည်းမျဉ်းသတ်မှတ်ချက်တွေကို သုံးပြီးတီထွင်ကြမယ် ထုတ်လုပ်ကြမယ်ဆိုလို့ရှိရင် ဘယ်ထုတ်လုပ်သူကထုတ်ထုတ် အဲဒီပစ္စည်းတွေအားလုံးဟာ အတူတကွလုပ်ဆောင်နိုင်ကြမှာဖြစ်ပါတယ်။ အိုခေ ဒီတော့ OSI ဆိုတာ guideline တစ်ခုဆိုတာကို မှတ်သားထားရမှာဖြစ်ပါတယ်။ OSI model မှာ အလွှာ ၇ နှစ်လွှာပါဝင်ပါတယ်။


ဒီတော့ ပုံမှာကျွန်တော်တို့မြင်နေရတာကတော့ OSI model ပဲဖြစ်ပါတယ်။ သူ့ကို အကြမ်းဖျဉ်းအားဖြင့် upper layer နဲ့ lower layer ဆိုပြီးအပိုင်းနှစ်မျိုးခွဲထားပါတယ်။ upper layer သည် application ကနေ session layer အထိဖြစ်ပြီး lower layer ကိုတော့ transport layer ကနေ physical layer အထိပဲဖြစ်တယ်။





ဒီတော့ အဲဒီ layer တစ်ခုစီက ဘာတွေလုပ်ပေးသလဲဆိုတာကို အနည်းအကျဉ်းပြောပြရမယ်ဆိုရင်

Physical layer - သူကတော့ cable တွေ, connector တွေ ကိုသုံးပြီးတော့ device တစ်ခုနဲ့ တစ်ခုအကြား electric signal တွေဘယ်လိုသယ်ဆောင်ပေးမလဲဆိုတဲ့ standard တွေကိုချမှတ်ပေးပါတယ်။

Data link layer - သူကတော့ data packet တွေကို source နဲ့ destination MAC address တွေကိုအသုံးပြုပြီး ဘယ်လို error ကင်းကင်းနဲ့ ( right device or right destination ) လိုတဲ့နေရာကိုမှန် မှန်ကန်ကန်ရောက်ရှိစေဖို့အတွက် standard တွေကိုချမှတ်ပေးတယ်။

Network layer - သူကတော့ data packet တွေကို ဘယ်ကိုပို့ဆောင်ပေးရမယ်။ လိုတဲ့နေရာကိုရောက်ရှိဖို့အတွက် ဘယ်လမ်းကြောင်းတွေကနေသွားရမယ်ဆိုတာတွေဖြစ်တဲ့ logical addressing, routing နဲ့ path selection တွေကိုသတ်မှတ်ပေးတာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် network တစ်ခုမှာ device တွေကို အမည်သတ်မှတ်ပေးဖို့အတွက် IP addressing ချထားပေးခြင်းသည် network layer ရဲ့ စည်းမျဉ်းပဲဖြစ်ပါတယ်။

Transport layer – upper layer ကနေရရှိလာတဲ့ data တွေကို အပိုင်းလေးတွေစိတ်ပိုင်းလိုက်ပြီး computer နှစ်လုံးအကြားပို့ဆောင်ပေးဖို့အတွက် connection ကိုတည်ဆောက်ခြင်း နဲ့ ပြန်လည် ရုပ်သိမ်းခြင်းဆိုတဲ့ လုပ်ငန်းတွေကိုဆောင်ရွက်ပေးဖို့၊ ပြီးတော့ flow control နဲ့ data တွေပျောက်ဆုံးပျက်စီးခြင်းမရှိအောင် ဆောင်ရွက်ပေးဖို့ဆိုတဲ့ လုပ်ငန်းစဉ်တွေအတွက် စည်းမျဉ်းစည်းကမ်းတွေကို ချမှတ်ပေးပါတယ်။

Session layer - သူကတော့ session တွေကို system နှစ်ခုအကြားတည်ဆောက်ပေးခြင်းနဲ့ ပြန်လည် ရုပ်သိမ်းပေးခြင်းကိုဆောင်ရွက်ပေးဖို့အတွက် စည်းမျဉ်းတွေကိုချမှတ်ပေးတယ်။

Presentation layer – data format တွေကိုသတ်မှတ်ပေးတယ်။ ပြီးတော့ data တွေကို compression နဲ့ encryption တွေကိုသတ်မှတ်ပေးတာတွေကို ဒီ layer ကလုပ်ဆောင်တာဖြစ်ပါတယ်။

Application layer – ကျန်တာတွေကိုသာ ကျွန်တော်တို့အနေနဲက ဝေးကောင်းဝေးနေနိုင်ပေးမဲ့ ဒီ layer ကိုတော့ကောင်းကောင်းသိကြပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ network ကိုသုံးတယ်ဆိုတာ ဒီ application layer မှာအလုပ်လုပ်တဲ့ protocol ကိုတွေကို အသုံးချနေတာပဲဖြစ်ပါတယ်။ သူ့မှာ ဘာတွေပါသလဲဆိုတော့ FTP, HTTP, HTTPS, TFTP, SNMP စတဲ့ ကျွန်တော်တို့နဲ့ ရင်းနှီးနေတဲ့ protocol တွေအလုပ်လုပ်ကြလို့ပါပဲ။ အောက်မှာကတော့ OSI model ရဲ့ layer မျိုးစုံမှာအလုပ်လုပ်နေတဲ့ protocol အချိုကိုဖော်ပြထားတာပဲဖြစ်ပါတယ်။







No comments:

Post a Comment