Saturday, October 24, 2015

IPv6 address


IPv6 address ဟာ NAT တို့ CIDR တို့ရဲ့နောက်ပိုင်းထွက်ပေါ်လာခဲ့တယ်။ အနာဂါတ်မှာ IP address တွေမလုံလောက်မှုဖြစ်လာမယ့် အရေးကိုတွက်ဆပြီး IETF လို့ခေါ်တဲ့ internet engineering task fore ဆိုတဲ့အဖွဲ့အစည်းကြီးက ဖန်တီးခဲ့ပါတယ်။ ဒီတော့နောက်ပိုင်းမှာ network engineer တွေအနေနဲ့ IPv6 ကိုနားလည်ဖို့လိုအပ်လာတဲ့အတွက် Cisco ကသူ့ရဲ့ exam version အသစ်မှာ IPv6 ကိုအသားပေးထည့်သွင်းလာခဲ့တယ်။ ဒီတော့ IPv6 ကိုကျွန်တော်တို့လေ့လာကြတာပေါ့။

စပြီးပြောရရင် IPv4 က 32 bit address space ကိုသုံးတယ်။ ဒီတော့ 2^32 ဆိုတော့ 4,294,967,296 ရတယ်။ ပြောရရင် ၄၂၉ သန်းကျော် address တွေရတယ်ပေါ့။ ဒါပေမဲ့လည်း တကယ်တန်း network မှာသုံးလို့ရတာက သန်းပေါင်း ၃၀၀ ကျော်လောက်သာသုံးလို့ရတယ်၊ ဘာဖြစ်လို့လည်းဆိုတော့ calss D တို့ class E တို့ကိုလည်း ချန်ထားခဲ့ရတယ်။ ဒီကြားထဲ private address တွေအတွက်လည်း ချန်ထားခဲ့ရသေးတယ်။ ဒီတော့ အားလုံးကိုသုံးလို့မရနိုင်ဘူးလေ။ ဒီတော့ IPv6 ကကော၊ ဘယ်လောက်များရနေလို့လည်းပေါ့။ IPv6 ရဲ့ address space ဟာ 126 bits ကိုသုံးတယ်။ ဒီတော့ 2^128 ဆိုတော့ 3.4028236692093846346337460743177 x10^38 ရတာပေါ့။ ဒီတော့ ပါးစပ်အဟောင်းသားဖြစ်လောက်တဲ့ address space ကို IPv6 က ပံ့ပိုးပေးနိုင်ပါတယ်။ လုံလောက်ပါတယ်ဆိုတဲ့ အရေအတွက်ထက်ကိုပိုနေတဲ့ IPv6 မှာ address type ၃ မျိုးရှိပါတယ်။ Unicast multicast နဲ့ anycast တို့ပဲဖြစ်ပါတယ်။ unicast ကတော့ one to one communication ကိုလုပ်ပေးတယ်။ multicast ဆိုတာကတော့ one to many communication ကိုလုပ်ဆောင်ပေးနိုင်တယ်။ anycast ဆိုတာကတော့ one to nearest communication ကိုလုပ်ပေးနိုင်တယ်။ သူကတော့ ကျွန်တော်တို့နဲ့ နည်းနည်းစိမ်းတယ်။ ပို့လိုက်တဲ့ host ကနေအနီးဆုံးနေရာမှာရှိတဲ့ address ဆီကိုပို့ပေးတာပေါ့။ unicast နဲ့ multicast တို့ရဲ့ သဘောတရားနှစ်ခုကိုပေါင်းစပ်ထားတယ်လို့ပြောပါတယ်။

IPv6 address ရဲ့ format ကတော့ ipv6_address/ prefix_length  တို့ကိုပေါင်းစပ်ထားပါတယ်။ ဒီလိုပေါ့

2001:0000:5723:0000:0000:D14E:DBCA:0764/64

သူ့မှာ full column နဲ့ခွဲခြားထားတဲ့ bit place 8 ခုရှိပြီး bit place တစ်နေရာစာမှာ 16 bits ရှိပါတယ်။ အားလုံးပေါင်းရင် 16*8 = 128 bits ပေါ့။ သူကတော့ hex နဲ့ဖော်ပြပါတယ်။ IPv4 address မှာ 0 ကနေ 9 အထိ ကိန်ဂဏန်းတွေနဲ့သာဖော်ပြပါတယ်။ ဒါပေမဲ့ IPv6 address မှာတော့ 0 ကနေ 9 အထိ ပြီးတော့ A ကနေ E အထိ character တွေရော ကိန်းဂဏန်းတွေပါ ပေါင်းစပ်ပါဝင်ပါတယ်။ အပေါ်က IPv6 address ကိုကြည့်ရင်တွေ့မှာပါ။ ပြီးတော့ IPv6 address ကိုကြည့်လိုက်ရင် ရှည်လျှားပြီး ရှုပ်ထွေးနေတာကိုတွေ့ရမှာပါ။ ဒီတော့ IPv6 address ကိုအတိုင်းအတာတစ်ခုအထိချုံ့လို့ရပါတယ်။ ဘယ်လိုချုပ်သလဲဆိုတော့ 0 တွေထပ်နေရင် 0 တစ်လုံးတည်းသုံးလို့ရပါတယ်။ တွေရှေ့မှာရှိနေရင်လည်းဖြုတ်ထားလိုက်လို့ရပါတယ်။ သချာင်္မှာ ဂဏန်းအရှေ့ဘက်မှာရှိတဲ့ 0 ကတန်ဖိုးမရှိဘူးမဟုတ်လား။ ပြီးတော့ 0000:0000:1 လို့ zero တွေထပ်လာတဲ့အခါ အဲတာတွေကို ::1 လို့ရေးလို့ရပါတယ်။ ဒီတော့ ကျွန်တော်တို့အောက်က IPv6 address ကို အတိုချုံ့ပြီးရေးကြည့်ရအောင်နော်။

2001:000C:0007:ABCD:0000:0000:0000:0001/64

အဖြေကတော့ ဒီလိုထွက်လာမှာပေါ့။
2001:C:7:ABCD::1/64

  • -       ဂဏန်းရှေ့က zero တွေကိုဖြုတ်ထားလို့ရပါတယ်
  • -       Zero တွေချည်းဖြစ်နေတဲ့ portion ကို zero တစ်လုံးတည်းနဲ့ ကိုယ်စားပြုလို့ရပါတယ်
  • -       Zero တွေပဲဆက်တိုက် porting တွေထပ်လာတယ်ဆိုရင် အဲဒီ portion တွေကို :: နှစ်ခုနဲ့ကိုယ်စားပြုလို့ရပါတယ်။ ဒါပေမဲ့ ipv6 address တစ်ခုမှာ :: နှစ်ခုပါလို့မရပါဘူး


ဒါဆိုရင် IPv6 ရဲ့ address type ကိုတော့နည်းနည်းနားလည်သွားလောက်ပါပြီ။ ဆက်ပြီးတော့ IPv6 မှာ address scope ချထားပုံကိုပြောပြပါ့မယ်။ သူ့မှာ

Link-local address - သူကတော့ ipv4 မှာဆိုရင် private ip address တွေပဲဖြစ်ပါတယ်။ FE80::/64 နဲ့သတ်မှတ်ပါတယ်။

Global unicast address - သူကတော့ ipv4 မှာရှိတဲ့ public ip address နဲ့တူပါတယ်။ 2000::/64 နဲ့သတ်မှတ်တယ်။


Multicast address - သူကတော့ ipv4 မှာလိုပဲ one to many communication ပေါ့။ သူက FF00::/8 နဲ့သတ်မှတ်ထားပါတယ်။

Site-local address - သူကတော့ organization တစ်ခုထဲမှာရှိတဲ့ host တွေအားလုံး data exchange လုပ်လို့ရအောင်ဆောင်ရွက်ပေးတယ်လို့ဆိုပါတယ်။ ဒါပေမဲ့လည်း သူ့ကို အနာဂါတ်မှာ တွေ့ရဖို့မရှိပါဘူး။
ဒီတော့ ကျွန်တော်တို့အနေနဲ့ link-local address နဲ့ global unicast address ကိုသာနားလည်ထားဖို့ မှတ်သားထားဖို့လိုအပ်ပါတယ်။ ဒီတော့ IPv6 အကြောင်းကိုဒီနေရာမှာနားကြတာပေါ့။ နောက်အဆင်သင့်ရင် သင့်သလို့ သူ့ကိုသုံးပြီး lab လုပ်ပေးပါ့မယ်။


No comments:

Post a Comment