ကျွန်တော့်တုန်းကတော့ သင်တန်းပြီးလို့
၂ နှစ်ခွဲလောက်ကြာမှ cisco ကိုဖြေဖြစ်တာဆိုတော့ လေ့လာ ချိန်အတော်များများရလိုက်ပါတယ်။
ဒါတောင်မှ အခြားအလုပ်တွေနဲ့ cisco နဲ့ပါတ်သက်ပြီး လေ့လာတယ် ဆိုတာတောင် scope ကုန်အောင်ကိုမကြည့်ဖြစ်လိုက်ဘူး။
ထားပါတော့လေ။ ဒီတော့ ကျွန်တော်တို့မှာ cisco နဲ့ပါတ်သက်ပြီး exam preparation လုပ်တော့မယ်ဆိုရင်
ဘယ်ကစပြီး လုပ်ရမလဲဆိုတာကို အမြဲလိုလို မေးခွန်းတစ်ခုအနေနဲ့ရှိနေတတ်ပါတယ်။ ဒီတော့ ကျွန်တော်ဒီနေ့
ဘာသင်ခန်းစာကိုမှ မပြောပဲ cisco exam အတွက် ပြင်ဆင်နေကြတဲ့ network engineer ညီအစ်ကိုတွေအတွက်
ဘယ်လို exam preparation လုပ်မလဲဆိုတာကို ပြောပြမယ်ဗျာ။ step by step ပြောရရင်
၁) သင်တန်းမှာပဲဖြစ်ဖြစ် အသိမိတ်ဆွေအကူညီနဲ့ပဲဖြစ်ဖြစ်
topic တွေကိုပြန်လည် နွှေးပေးရပါမယ်။
ဒီနေရာမှာတော့ ကျွန်တော့်အနေနဲ့ အကြံပေးချင်တာက
exam scope ကိုပဲအဓိကထားပြီး remind လုပ်ပေးဖို့ပါ။ ဘာ့ကြောင့်လဲဆိုတော့ cisco
field ဟာအရမ်းကိုကျယ်ပြန့်တာကြောင့် အသေးစိတ်လိုက်ကြည့် နေတာမျိုးကို exam ဖြေခါနီးမှာ
မလုပ်ဖို့ပါပဲ။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော့်တုန်းက အသေးစိတ်လိုက်ကြည့်နေတာနဲ့တင်
exam ဖြေဖို့အတွက် ၂ နှစ်ခွဲလောက်ကြာသွားခဲ့တယ်လေ။ ဒီနေရာမှာ အမှတ်မမှားစေချင်တာတစ်ခုရှိပါတယ်။
ကျွန်တော်က ဒီလိုပြောလိုက်လို့ တကယ်တတ်မြောက်မှုထက် exam အတွက်ကပိုအရေးကြီးတယ်လို့ပြောတာမဟုတ်ပါ။
ကျွန်တော်တို့ အခုပြောနေတာက exam preparation လုပ်ဖို့အတွက်ကိုပဲ အဓိကထားပြောနေတာဖြစ်ပါတယ်။
ဒီ့အတွက် exam preparation လုပ်မယ့်သူဟာ သူ့မှာ cisco နဲ့ပါတ်သက်ပြီး ထိုက်သင့်သလောက်
အတွေ့အကြုံနဲ့ အတတ်ပညာကို စာမေးပွဲမဖြေခင်ကတည်းက လုပ်ထားခဲ့ရမှာပါ။ အိုခေး။
၂) နောက်တစ်ချက်ကတော့ hands-on lab
တွေကို packet tracer ဒါမှမဟုတ် GNS3 တစ်ခုခုကိုအသုံးပြုပြီး သိထားတဲ့ topic တွေကို
ပြန်လည် exercise လုပ်ဖို့လိုအပ်ပါတယ်။
cisco ဟာ သူ့ရဲ့စာမေးပွဲတွေမှာ လက်တွေ့နဲ့ စာတွေ့ကို
အချိုးကျကျပေါင်းစပ်ပြီးမေးခွန်းတွေထုတ်ထားတာပါ။ ဒါ့ကြောင့် စာချည်းလှိမ့်ကျက်နေရင်လည်းမဖြစ်ပါဘူး။
မရဘူးလို့မပြောဘူးနော် အဆင်မပြေဘူးလို့ပြောတာ။ ဘာ့ကြောင့် hands-on labs တွေကိုလုပ်ခိုင်းသလည်းဆိုတော့
simulation ၃ ပုဒ်ကို နောက်ဆုံးမှာမေးတယ် လေ။ ဒါတွေကို 9tut နဲ့ examtut.com တို့မှာဝင်ကြည့်လို့ရပါတယ်။
နောက်ပြီး cisco မှာအရမ်းကိုကောင်းတဲ့ တစ်ချက်က သူ့ရဲ့ CCNA စာမေးပွဲအတွက် လိုအပ်တဲ့
lab 90 percent လောက်ကို packet tracer နဲ့ GNS3 တို့ကိုသုံးပြီး ပိုက်ပိုက်မကုန်ပဲ
lab လုပ်လို့ရတာပါပဲ။ ဒါဟာ ကျွန်တော်တို့အတွက် နောင် cisco နဲ့ပါတ်သက်လို့ အဆင့်မြင့်ပိုင်းတွေကိုလေ့လာတဲ့အခါမှာ
cisco devices တွေနဲ့ friendly ဖြစ်စေပါလိမ့်မယ်။
၃) နောက်ဆုံးအဆင့်အနေနဲ့ကတော့ exam
အတွက် ကိုယ်ဖြေဆိုမယ့်နေ့ကိုရွေးချယ်ပြီး သက်ဆိုင်ရာ exam center မှာစာရင်ပေးသွင်းရမှာဖြစ်ပါတယ်။
အပေါ်က အချက်နှစ်ချက်ကို ဖြတ်ကျော်ခဲ့ပြီးပြီဆိုရင်တော့ဖြင့် cisco exam အတွက်သင်ဟာ
အသင့်ဖြစ်နေပါပြီ။ ဒီနေရာမှာ အကြံပေးချင်တာက စာမေးပွဲကို မကြောက်ဖို့ပါ။ စာမေးပွဲဖြေခါနီးမှာ
မိမိကိုတိုင် ယုံကြည်ချက်ထားဖို့လိုပါတယ်။ အခုဆိုဆိုရင် exam center တွေတော်တော်များများရှိနေပြီဖြစ်ပါတယ်။MICT
park ထဲက Youth နဲ့ Myanmar Inspiration တို့မှာလည်းဖြေလို့ရပါတယ်။ မြို့ထဲမှာလည်း
ရနိုင်မယ်ထင်ပါတယ်။ ကျွန်တော့်တုန်းကတော့ Youth မှာဖြေခဲ့ပါတယ်။ exam registration
လုပ်ဖို့အတွက် 300$ ၊ မှတ်ပုံတင်နံပါတ်၊ ဖြေဆိုမယ့် နေ့နဲ့အချိန် ပြီးတော့ email လိပ်စာကိုပေးဖို့လိုပါလိမ့်မယ်။
email ဆိုလို့ပြောရဦးမယ်။ email ကို ဖြစ်သလိုမပေးပါနဲ့။ အဲဒီ ပေးလိုက်တဲ့ email ဟာ
နောက်ပိုင်း cisco certificates တွေကိုယူဖို့အတွက်ပဲဖြစ်ဖြစ်၊ cisco နဲ့ပါတ်သက်ပြီး
အခြားခြားသော ကိစ္စများအတွက် အရေးပါတဲ့ email ဖြစ်လာမှာပါ။ ဒါ့ကြောင့် ကိုယ့်မှာ
email တစ်ခုကို စာမေးပွဲအတွက် registration မလုပ်ခင်မှာ လုပ်ထားရင်ပိုကောင်းပါလိမ့်မယ်လို့
အကြံပေးချင်ပါတယ်။ လိုအပ်တဲ့ information အားလုံးကို exam center ကိုပေးပြီးပြီဆိုရင်တော့
cisco ကနေ ကိုယ့်ရဲ့ email ထဲကို confirmation code ကိုပို့ပေးပါလိမ့်မယ်။ ဒါဆိုရင်တော့
cisco စားမေးပွဲဖြေဆိုဖို့အတွက် သင့်အနေနဲ့ ready ဖြစ်သွားပြီဖြစ်ပါတယ်။
အားလုံး Cisco Exam မှာ ရမှတ်များစွာနဲ့အောင်မြင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
No comments:
Post a Comment