SSH နဲ့ Telnet အကြောင်းကို ကျွန်တော်ပြောခဲ့ပြီးပါပြီနော်။
မဖတ်ရသေးရင် ဒီမှာ ၀င်ကြည့်နိုင်ပါတယ်။ အိုခေ။ ဒီတော့ Telnet ကိုဘယ်လို configure လုပ်ရမယ်ဆိုတာကိုမပြောသေးဘူး၊
SSH ကိုအရင်ပြောမယ်။ SSH ကို configure မလုပ်ခင်မှာ သိထားရမယ့် step by step အဆင့်လေးတွေရှိတယ်။
1) IOS version 12.1 နဲ့ အထက်ရှိရမယ်ပေါ့။
ဒါကလည်း နောက်ပိုင်း router တွေအားလုံးမှာ support လုပ်ပြီးသားဆိုတော့ကား just for
know ပါပဲ။
2) Router ရဲ့ name ကို default မထားရပါဘူး။
hostname ကိုပြောင်းပေးရမယ်ပေါ့ဗျာ။
3) နောက်ပြီး domain name ထားပေးရမယ်ပေါ့။
ဥပမာ techgate.com ပေါ့။ ဒါကဘာအတွက်လဲဆိုတော့ crypto key ကို generate လုပ်ဖို့ပါ။
private key ကို generate လုပ်ဖို့ပေါ့။
4) Crypto key ကို generate လုပ်မယ်။
default 1024 လောက်ထားရင်အဆင်ပြေပါတယ်။
5) Privileged mode password ထားရပါမယ်။
မဟုတ်ရင် router ထဲကိုတော့ ရောက်သွားမယ်။ global config mode ထဲကိုသွားလို့မရတော့ဘူး။
6) ပြီးတော့ SSH version ကို 2 ထားပေးရမယ်။
ပိုပြီး secure ဖြစ်လာတာပေါ့။ မထားလည်း ရတယ်။ မထားရင် default အနေနဲ့ version 1 ပေါ့။
7) ပြီးတော့ ကျွန်တော်တို့ remotely လှမ်းဝင်ဖို့အတွက်
vty line ကို ဖွင့်ထားရမယ်။ ပြီးတော့ login ကို local authentication ကိုသုံးပြီး ၀င်ပါလို့ပြောပေးရမယ်။
8) နောက်ဆုံးအနေနဲ့ကတော့ ကိုယ့်မှာ
putty terminal application ရှိရမယ့်။ ဒါမှမဟုတ်ရင် Microsoft windows တွေမှာဆိုရင်
ssh ကိုဖွင့်ထားပေးရမယ်ပေါ့။ များသောအားဖြင့်တော့ putty terminal နဲ့သုံးတာများပါတယ်။
size က Kb လောက်ပဲရှိတာလေ။
အောက်မှာ step by step ပုံလေးတွေကိုဖော်ပြထားတယ်။
ပထမဦးဆုံး IOS verion ကိုကြည့်တယ်ပေါ့။
just for know လို့ပြောတယ်နော်။ ဒါက နောက်ပိုင်း optional ပဲ။ မကြည့်လည်းရတယ်။
အရင်ဦးဆုံး IOS version ကိုကြည့်မယ်။
Router name ကိုပြောင်းမယ်
Domain name ထားပေးမယ်
Privileged mode password ထားမယ်
Crypto key ကို generate လုပ်မယ်
Local user database တည်ဆောက်မယ်
SSH ကို version 2 ထားမယ်
telnet port ဖွင့်မယ် ပြီးတော့ login
လုပ်ရင် local userdatabase နဲ့ လုပ်ပါလို့ပြောမယ်
ဒီလိုဆိုရင် terminal application တစ်ခုခုကိုသုံးပြီး
ဝင်နိုင်ပါပြီ။ ကျွန်တော်ကတော့ နမူနာအနေနဲ့ pc ကနေပဲ ၀င်ပြထားပါတယ်။
No comments:
Post a Comment