Monday, October 26, 2015

Telnet and SSH


          ဒီနေ့တော့ Telnet နဲ့ SSH အကြောင်းကိုပြောကြတာပေါ့။ သူတို့က virtual terminal protocol ကိုအသုံးပြုပြီး server နဲ့ administrator တွေအကြား management လုပ်လို့ရအောင်ဆောင်ရွက်ပေးတယ်။ သူတို့နှစ်ခုမှာမတူညီတဲ့ အချက်ရှိတယ်၊ ဘာတွေလဲဆိုတော့ security ပဲ။ Telnet က clear text ပုံစံနဲ့ server နဲ့ administrator အကြားဆက်သွယ်မှုပြုလုပ်ပေးတယ်။ ဒါကလည်းအကြောင်းရှိတယ်ဗျ။ Telnet ကိုစပြီးတီထွင်တုန်းက local area network ထဲမှာပဲအသုံးချဖို့ရည်ရွယ်ခဲ့တယ်ဆိုပဲ။ ဒီတော့ clear text ကိုပဲအသုံးပြုခဲ့တယ်၊ encryption တွေဘာတွေမသုံးဘူးပေါ့။ ဒါလည်း ဟုတ်တာပဲလေ။ ကိုယ့် network ထဲမှာ အသုံးချဖို့အတွက် encryption တွေဘာတွေနဲ့ ရှုပ်ရှက်ခတ်နေအောင်လုပ်ဖို့မှမလိုတာ။ ဒါပေမဲ့ Telnet ကိုအသုံးချမှုတွင်ကျယ်လာတဲ့အခါမှာ administrator တွေဟာ local မှာတင်မဟုတ်တော့ဘူး အခြား network မှာရှိတဲ့ server တွေကိုပါ manage လုပ်ဖို့အတွက်အသုံးပြုလာခဲ့ရာကနေ SSH ဆိုတဲ့ secure shell ပေါ်လာဖို့ဖြစ်လာတာပဲ။ ဒါပေါ့။ local ထဲမှာရှိတဲ့ server ကို manage လုပ်တဲ့အခါမှာ security တွေဘာတွေစဉ်းစားနေဖို့မလိုပေမဲ့လည်း အခြား network ပေါ်ကနေ ကိုယ့် network ဆီကို remotely လှမ်းလုပ်တဲ့အခါမှာ security ကိုစဉ်းစားဖို့လိုလာပြီပေါ့။ ဘာဖြစ်လို့လည်းဆိုတော့ untrusted network တွေကိုဖြတ်ပြီး telnet traffic ကသွားရတာကိုး။ ဒီတော့ telnet နဲ့ လှမ်းပြီး manage လုပ်ချင်တယ် ဒါပေမဲ့ security အရလည်း လုံခြုံမှုရှိဖို့လိုတယ်ဆိုရင်တော့ SSH ကိုသုံးလိုက်တာပေါ့။ ဘာ့ကြောင့်လဲဆိုတော့ SSH သည် encryption communication ကိုသုံးတဲ့အတွက် ကြားဖြတ်ပြီး information တွေကို access လုပ်လို့မရအောင် လုပ်လိုက်တာဖြစ်ပါတယ်။ ပြီးတော့ Telnet က tcp prot no 23 ကိုသုံးတယ်၊ SSH ကတော့ TCP port no 22 ကိုသုံးတယ်။


အောက်မှာတော့ Telnet နဲ့ SSH တို့ရဲ့ login ၀င်ပုံ ကွာခြားတာကိုပုံနဲ့ပြထားပါတယ်။

Telnet


SSH








No comments:

Post a Comment