Friday, October 9, 2015

Cisco Router တွင်ပါဝင်သည့် Memory များနှင့် ၄င်းတို့၏တာဝန်များ


 ဒီနေ့တော့ ကျွန်တော်တို့တတွေ Cisco Router တစ်လုံးမှာ အခြေခံအားဖြင့် ပါဝင်မယ့် memory အမျိုးအစားတွေနဲ့ သူတို့ကို ဘယ်လိုကြည့်လို့ရတယ်ဆိုတာကိုပြောပြပေးသွားမှာပါ။
အခြေခံအားဖြင့်တော့ cisco router တွေမှာ memory အမျိုးအစား ၄ မျိုးပါဝင်ပါတယ်။ cisco switch တွေအပါအ၀င်ပေါ့။ ဒါတွေကတော့

၁) ROM လို့ခေါ်တဲ့ read-only memory
၂) Flash Memory
၃) RAM လို့ခေါ်တဲ့ random-access memory  နဲ့
၎) NVRAM လို့ခေါ်တဲ့ non-volatile random-access memory တို့ပဲဖြစ်ပါတယ်။

ဒီတော့ ကျွန်တော်တို့အနေနဲ့  သူတိုကတွေက ဘယ်လိုတာဝန်တွေကိုဆောင်ရွက်ပေးတာလဲဆိုတာ ဆက်ပြီးလေ့လာရအောင်။ မနေ့က cisco router boot sequence သင်ခန်းစာကို အရင်ဖတ်ထားဖို့တော့လိုပါတယ်။ ROM လို့ခေါ်တဲ့ memory အထဲမှာ router သည် POST၊ Bootstrap program နဲ့ mini IOS တွေကိုထည့်ထားပါတယ်။ Flash လို့ခေါ်တဲ့ memory ထဲမှာတော့ ဆရာကြီး router IOS ကိုထည့်ထားပါသတဲ့ J သူက အရေးကြီးတာကိုး။ RAM ထဲမှာကတော့ လက်ရှိဆောင်ရွက်နေတဲ့ configuration တွေ တနည်းအားဖြင့် running-config တွေကိုသိမ်းပါတယ်။ အဲ နောက်ဆုံး NVRAM ဆိုတဲ့ memory ထဲမှာတော့ဖြင့် startup-config တွေကိုသိမ်းဆည်းတာပဲဖြစ်ပါတယ်။ running-config နဲ့ startup config အကြောင်းကို ဒီမှာနည်းနည်းလေး intro လုပ်ထားမယ်။ running-config ဆိုတာ router ကို rename ပေးထားမယ် ဒါမှမဟုတ် interface တစ်ခုခုကို ip address ပေးထားမယ်။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ ဒါကို RAM ထဲမှာသာဆောင်ရွက်စေတာဖြစ်ပါတယ်။ သိကြတဲ့အတိုင်း RAM ဆိုတာက သူ့ကို power ကျွေးထားတဲ့အချိန်မှာသာလျှင် data တွေကို handle လုပ်နိုင်တာမဟုတ်လား။ ဒီတော့ ကျွန်တော်တို့ configure လုပ်ထားတဲ့ file တွေဟာ power lose ဖြစ်သွားတာနဲ့ ပျောက်သွားမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့က RAM ပေါ်က running-config တွေကို NARAM ထဲကိုပို့ထားဖို့လိုပါတယ်။ NVRAM ဆိုတာကတော့ power lose ဖြစ်သွားပေးမယ့်လည်း data တွေကို handle လုပ်ထားပေးမယ့် memory တစ်မျိုးဖြစ်ပါတယ်။ ဒီလို RAM ပေါ်က running-config တွေကို NVRAM ပေါ်ကိုသိမ်းလိုက်ပြီဆိုရင်တော့ အဲဒီ running-config ကို startup-config လို့ပြောင်းခေါ်လိုက်ပါတယ်။ အဲဒီ startup-config တွေသည် router နောက်တစ်ကြိမ် power ပြန်ဖွင့်တဲ့အခါမှာ run ဖို့အတွက် အသင့်ရှိနေစေမှာပါ။ running-config ကို သိမ်းဖို့အတွက် router ရဲ့ privileged mode မှာ # copy running-config starup-config လို့ရိုက်ပေးရပါတယ်။
ဒီတော့ သူတို့ရဲ့ memory size ကိုကြည့်ချင်ရင်တော့ privileged mode မှာ # show version လို့ရိုက်ရင် အောက်ပါအတိုင်းတွေ့ရမှာဖြစ်ပါတယ်။

ပုံ(၈)

အဲဒီမှာ RAM ပမာဏကိုကြည့်ရင် RAM = 60416+5120 = 65536kB/1023 = 64MB ရမယ်။
NVRAM ကတော့ NVRAM = 139KB ရှိမယ်။
Flash ကတော့ Flash = 62720kB/1024 = 64MB ရမယ်။ OK?
ဒီလိုဆိုရင်တော့ ကြည့်တတ်ပြီထင်ပါတယ်။ အဆင်မပြေတာများရှိရင် comment box မှာပြောခဲ့နိုင်ပါတယ်ဗျာ။

လေးစားစွာဖြင့်
ထူးမြတ်အောင် ( Tech-Gate)
09 422195462

No comments:

Post a Comment