ကျွန်တော့်အနေနဲ့
သင်ခန်းစာတစ်ခု topic တစ်ခုကိုတင်တိုင်း အနည်းဆုံး lab file ဖြစ်ဖြစ် video file ဖြစ်ဖြစ်
ဒါမှမဟုတ် ဘယ်လိုလုပ်လို့ရနိုင်တယ်ဆိုတာမျိုး တစ်ခုခုပါအောင်တင်ဖြစ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့
ကျွန်တော် CCNA ကိုစတင်သိကျွမ်းခဲ့စဉ်က theoretical book ကြီးကိုင်ပြီးဖတ်ရတယ်။ သိတယ်မဟုတ်လား။
မကြာဘူးလေ အိပ်မက်ထဲရောက်သွားရော။ အဲလောက်အိပ်ရေးဝ အဲလေ :P အဲလောက်ဖတ်ခဲ့ရတော့ စာလေးများနည်းနည်းများသွားရင်
ဖတ်ရတဲ့သူဖက်က ကိုယ်ချင်းစာတယ်။ ပြီးတော့ ကိုယ်ဖတ်နေရတဲ့အကြောင်းအရာနဲ့ လက်တွေ့နဲ့ကို
တတ်နိုင်သလောက်နီးစပ်စေချင်တယ်။ ဒါမှသာ ကိုယ်ဖတ်နေတဲ့အကြောင်းအရာကိုကောင်းကောင်းနားလည်
မယ်။
ဖတ်ရတာလည်းပျော်မယ်လေ။ ဒီတော့ ကျွန်တော့်လိုပဲ အိပ်ရေးမ၀ရအောင် အဟီး lab file သို့မဟုတ်
video file တစ်ခုခုတော့ပါအောင်ကြိုးစားပြီးတင်ပေးပါ့မယ်လို့နော်…
ကွန်ပျူတာမှာလိုပါပဲ
cisco device တွေမှာလည်း RAM ROM POST process တွေနဲ့ device စတင်ပြီး power on တာကနေ
နောက်ဆုံး ကောင်းမွန်စွာလည်ပတ်သွားတဲ့အထိ ဆောင်ရွက်ချက်အဆင့်ဆင့်ကိုလုပ်ဆောင်ရပါတယ်။
ဒီတော့ cisco router တစ်လုံးဘယ်လိုစပြီးလည်ပတ်တယ် ဆိုတာကိုလေ့လာကြည့်ကြပါမယ်။
1) Router ကို power စတင်ဖွင့်လိုက်ပါမယ်။
2) ဒီအချိန်မှာ router သည် POST လုပ်ငန်းစဉ်ကိုစတင်ဆောင်ရွက်ပြီး
hardware များရဲ့ ကျန်းမာရေးကိုစစ်ဆေးပါတော့မယ်။ အိုခေး…
3) POST process ကိုအောင်မြင်အောင်ဆောင်ရွက်ပြီးတဲ့အချိန်မှာ
bootstrap ဆိုတဲ့ program လေးက (firmware လို့လည်းသတ်မှတ်လို့ရတယ်) configuration
register ကိုကြည့်တယ်။ ပုံမှန် configuration register ရဲ့ value သည် 0x2102 ဖြစ်ပါတယ်။
ဆိုလိုတာက IOS image file ကို ဘယ်နေရာကနေပြီး ရှာပါလို့ပြောထားတာဖြစ်ပါတယ်။ ဒီတော့
ပထမဦးဆုံး Flash memory ထဲမှာကြည့်တယ်။ မတွေ့ဘူးဆိုရင် TFTP server ပေါ်မှာကြည့်မယ်။
ဒါမှမတွေ့သေးဘူးဆိုရင် နောက်ဆုံး ROM ထဲမှာရှိတဲ့ mini ios ကို RAM ပေါ်ကို တင်ပေးမှာပါ။
4) IOS သည် RAM ပေါ်ကိုရောက်တာနဲ့
config file ကို NVRAM ထဲမှာရှာပါတယ်။ မတွေ့ဘူးဆိုရင်တော့ TFTP server ပေါ်ကနေဆွဲတင်ဖို့ကြိုးစားပါတယ်။
TFTP server ကလည်း response မလုပ်ဘူးဆိုရင်တော့ နောက်ဆုံး ကျွန်တော်ပြောခဲ့တဲ့
setup mode ကိုရောက်သွားမှာဖြစ်ပါတယ်။ ဒါကို initial configuration mode လို့လည်းခေါ်ပါတယ်။
အိုခေး?
ဒီတော့
router တစ်လုံးကို ဖွင့်ပြီး ဘယ်အပိုင်းတွေကတော့ဖြင့် POST အပိုင်း ဘယ်အပိုင်းတွေကတော့ဖြင့်
IOS ကို RAM ပေါ်ကို locate ချတဲ့အပိုင်း၊ နောက်ဆုံး setup mode ထိကိုဘယ်လိုဝင်သွားသလဲဆိုတာကိုအောက်ပါပုံလေးမှာဖေါ်ပြပေးထားပါတယ်။
ပုံ (၇)
ဒီလိုကြည့်ဖို့အတွက်
router ပေါ်မှာ command တစ်ခုမှရိုက်ဖို့မလိုပါဘူး။ cisco packet tracer မှာ router
တစ်လုံးကိုယူပြီး power on လိုက်ယုံနဲ့တွေ့ရမှာဖြစ်ပါတယ်။ ဒီ့အတွက်တော့ lab file မလိုလောက်ပါဘူးနော
J
အကယ်လို့များလိုအပ်တာရှိရင်
comment ပေးခဲ့နိုင်ပါတယ်။
credit to :9tut.com for pictures
credit to :9tut.com for pictures
လေးစားစွာဖြင့်
ထူးမြတ်အောင်
( Tech-Gate)
09
422195462
No comments:
Post a Comment