Tuesday, October 27, 2015

ARP ( Address Resolution Protocol )



          ARP request! ARP request! ဒါတွေကိုထပ်ကာတလဲလဲသုံးကြတယ်။ ဘာကိုဆိုလိုတာလဲ။ အိုခေ? ဒီတော့ ဒီနေ့မှာ ARP ဆိုတဲ့ protocol ကိုပြောကြရအောင်ဗျ။ ARP ဆိုတာ IP address ကိုသုံးပြီးတော့ MAC hardware address ကိုရှာဖွေခြင်းပါပဲ။ Ethernet လို့ခေါ်တဲ့ LAN network တစ်ခုမှာ ကွန်ပျူတာတစ်လုံးနဲ့ အခြားကွန်ပျူတာတစ်လုံးတို့ အောင်မြင်စွာ ချိတ်ဆက်ပြီး data sharing လုပ်ကြတဲ့အခါမှာ MAC address ကိုအသုံးပြုပါတယ်။ ဒီနေရာမှာ နည်းနည်းလေးရှုပ်သွားနိုင်တယ်။ ဒီတော့ MAC နဲ့ IP address ရဲ့ကွာခြားပုံကိုပြောပြမယ်။ MAC က IP packet တွေကို လိုရာကိုရောက်အောင်လုပ်ဆောင်ပေးတယ်။ အဲ IP address ကတော့ data တွေကို မှန်ကန်ပြည့်စုံစွာရောက်ရှိအောင်လုပ်ဆောင်ပေးတာပါပဲ။ အိုခေ။ ဒီတော့ ပြန်ပြောရရင် ကွန်ပျူတာတစ်လုံးက IP packet တွေကို LAN ထဲမှာရှိတဲ့ အခြား ကွန်ပျူတာတစ်လုံးကိုပို့ဖို့ဆိုရင် အဲဒီ IP packet တွေလိုရာရောက်အောင်ပို့ဆောင်ပေးဖို့အတွက် MAC address လိုလာပြီပေါ့။ ဒီလို သက်ဆိုင်ရာ ပို့ဆောင်ရမယ့် MAC address ကိုရှာဖို့လိုအပ်လာတဲ့အခါမှာ ပေးပို့မယ့်ကွန်ပျူတာသည် ARP ကိုအသုံးပြုတယ်ဆိုတာပါပဲ။ ဒီတော့ ARP က MAC address ကိုရှာပေးလိုက်တော့ IP packet ကိုပို့ရမယ့် နေရာကိုသိသွားတယ်။ ဒီတော့ ပို့တယ်ပေါ့။ ပြီးတော့ MAC ကိုအသုံးပြုတာက layer 2 device ဖြစ်တဲ့ switch ပေါ့ဗျာ။ switch ကသူ့ဆီကိုရောက်လာတဲ့  IP packet ရဲ့ destination MAC address ကိုကြည့်ပြီး LAN ထဲမှာရှိတဲ့ သက်ဆိုင်ရာ ကွန်ပျူတာဆီကိုပို့ဆောင်ပေးပါတယ်။ အောက်က network topology ကိုကြည့်လိုက်ရင် arp ကဘယ်လို MAC address ကိုရှာသလဲဆိုတာတွေ့ရမှာပါ။ 





အဲဒီမှာ host A ကသူပို့လိုတဲ့ ကွန်ပျူတာ့ host B ရဲ့ MAC address ကိုမသိဘူးဖြစ်နေတယ်။ ဒီတော့ ဟေ့ ဒီ IP address ကိုပိုင်ဆိုင်ထားတဲ့ ကွန်ပျူတာက ဘယ်သူလဲလို့ host A ကနေ network တစ်ခုလုံးကို broadcast address ဖြစ်တဲ့ all 255 ( 255.255.255.255) ကိုသုံးပြီးပို့လိုက်တယ်။ ဒီတော့ host B ကကြားသွားမယ်။ သူ့ရဲ့ IP address နဲ့မေးထားတာဆိုတော့ ဟုတ်တယ်အဲတာငါပဲလို့ ARP request ကို သူ့ရဲ့ MAC address အတူထည့်ပြီးပြန်ပို့လိုက်တာပေါ့။ ဒီလိုနဲ့ပဲ ARP ဟာ network ထဲမှာ ရှိတဲ့ host တွေရဲ့ address တွေကိုရှာဖွေတာဖြစ်ပါတယ်။ ဒါကို ကွန်ပျူတာမှာ arp –a ဆိုတဲ့ command ကိုအသုံးပြုပြီးကြည့်နိုင်ပါတယ်။ အောက်ကပုံကတော့ arp -a ကိုအသုံးပြုပြီး ARP entry ကိုကြည့်ထားပုံပါ။



No comments:

Post a Comment