Lab 014 တုန်းက ကျွန်တော်တို့ WAN
topology မှာ data တွေကို encapsulation လုပ်ဖို့အတွက် သုံးတဲ့ protocol နှစ်ခုဖြစ်တဲ့
HDLC နဲ့ PPP တို့ထဲကမှ HDLC ကို configure လုပ်ပြခဲ့တယ်။ အခုတော့ ကျန်ရှိတဲ့
PPP အကြောင်းကို ဆက်ပြောမယ်။ HDLC နဲ့ PPP ကဘာတွေကွာသလဲဆိုတော့ အောက်ကဇယားကိုသာကြည့်တော့။
တစ်ကြောင်းချင်းပြောမနေတော့ဘူး။ အရေးကြီးတာပဲပြောမယ်။
PPP ဟာ HDLC နဲ့ကွာခြားသွားတာတွေထဲကမှ သိသာတာက
authentication ရတာပဲဖြစ်ပါတယ်။ ဟုတ်ပါတယ်။ ROUTER နှစ်လုံးကို PPP ကိုအသုံးပြုပြီးချိတ်ဆက်တဲ့အခါမှာ
authentication လုပ်လို့ရတယ်။ သတ်မှတ်ထားတဲ့ username နဲ့ password တွေကိုအသုံးပြုပြီးချိတ်ဆက်မှသာလျှင်
connection လုပ်လို့ရတယ်။ ဒါက optional feature ဖြစ်လို့ PPP ကိုသုံးတဲ့အခါမှာ
authentication လုပ်ကိုလုပ်ရမယ်လို့ လည်းမဆိုလိုပါဘူး။ authentication မပါရင်တောင်မှ
PPP ဟာ HDLC ထက်ပိုကောင်းတာတွေကို ဇယားမှာဖော်ပြထားတာကိုတွေ့ရမှာပါ။ packet တွေကို
ပို့နေစဉ်မှာတင် error ကိုစစ်လို့ရတယ်။ link တွေ ကောင်းမကောင်းကိုလည်း LCP နဲ့စစ်တယ်။
မကောင်းဘူးဆိုရင် အခြား backup link တစ်ခုကိုအလိုလျှောက်ပြောင်းပေးတယ်ဆိုတာတွေကိုလည်း
PPP ကလုပ်ပေးနိုင်ပါတယ်။ အိုခေ။ ဒီတော့ PPP ကို configure လုပ်ကြည့်မယ်။ ပြီးတော့ ပြန်စစ်ကြည့်မယ်ပေါ့။
lab 014 packet tracer file ကိုပဲ modify လုပ်ပြတော့မယ်။ အစအဆုံးပြန်မလုပ်ပြတော့ဘူးနော်။
ဒီတော့ ပုံမှန်က serial link နဲ့
router တွေကို point-to-point ချိတ်လိုက်ပြီဆိုရင် default encapsulation protocol
က HDLC ဖြစ်နေမယ်။ ဒါကို ဘယ်လိုကြည့်ရသလဲဆိုတာကိုလည်း ပြောပြခဲ့ပြီးဖြစ်ပါတယ်။ ဒီတော့
ကျွန်တော်တို့က HDLC အစား PPP ကိုသုံးချင်တယ်ဆိုရင် configure လုပ်ပေးရမယ်။
RA နဲ့ RB နှစ်ခုစလုံးမှာ
()# int se1/0
()# encapsulation PPP
လို့ ရိုက်ထည့်လိုက်ရင် default
encapsulation HDLC ကနေ PPP ဖြစ်သွားမှာဖြစ်ပါတယ်။ ကျန်တဲ့ configuration ကတော့
HDLC နဲ့အတူတူပဲ။ ဟုတ်ပြီနော်။ configure လုပ်ပြီးပြီဆိုရင် # show interface int
se1/0 ဆိုတဲ့ command ကိုသုံးပြီး encapsulation မှာ HDLC လား PPP လားဆိုတာကိုကြည့်လိုက်ရင်
PPP ဖြစ်နေတာကိုတွေ့ရမှာဖြစ်ပါတယ်။
No comments:
Post a Comment