ဆောင်းတွင်းအအေးက ပိုပိုပြီးအေးလာပြီ။ အရိုးထဲထိအောင်အေးနေတဲ့
ရန်ကုန်က ဇန်န၀ါရီ အအေးဓါတ် ကြောင့် အားလုံးအနွေးထည်ကိုယ်စီနဲ့လမ်းပေါ်မှာ အအေးကိုအန်တုရင်း
ကိုယ်ဝါသနာပါရာ ကိုယ်အားသန်ရာ ရှာဖွေဆည်းပူးဖို့အတွက် သွားလာလှုပ်ရှားနေကြတဲ့ လူငယ်
လူလတ် လူကြီး တွေကို တိုက်ခန်းပေါ်ကကြည့်ပြီး ကျွန်တော်တစ်ယောက်တည်းပြုံးနေမိတယ်။ လေ့လာဆည်းပူးခြင်းဆိုတာ
ဘာတွေပဲဖြစ်နေနေ လေ့လာနေရမှာပဲ။ ကိုယ်လိုချင်တဲ့နေရာတစ်ခုကို ရောက်ရှိဖို့အတွက် ဘာတွေပဲဖြစ်နေနေ
ဆက်သွားနေတဲ့သူတွေသာလျှင် ပန်းတိုင်ဆိုတာကိုရောက်ရှိကြမှာပါ။ အိုခေ။ ကျွန်တော်တို့လည်း
ဒီနေ့ အပိုင်း (၃) ကိုဆက်လေ့လာကြတာပေါ့။
အပိုင်း (၂) မှာကျွန်တော် priority
number နဲ့ MAC address ကိုနှိုင်းယှဉ်ပြီး root bridge ရွေးချယ်တာပြောပြီးပြီနော်။
ဒီတော့ path cost အကြောင်းကိုဆက်ပြောမယ်။ switch တွေဟာ power စပြီး on တဲ့အချိန်မှာ
BPDU message တွေပို့ကြတယ်။ အဲဒီထဲမှာ path cost လည်းပါတယ်။ ဒါကနောက်တစ်ခုပေါ့။
၂)
switch တွေဟာ အစမှာ သူတို့ကိုယ်သူတို့ root bridge လို့သတ်မှတ်ထားကြတယ်။ ဒါ့ကြောင့်
root bridge ID နဲ့ transmitting bridge ID နှစ်ခုစလုံးမှာ သူ့ရဲ့ priority နဲ့
MAC address တွေကိုထည့်ပြီးအခြား switch တွေဆီကိုပို့တယ်။ တစ်ချိန်တည်းမှာပဲ path
cost ဆိုတာကိုလည်းပို့တယ်။ ဒါပေမဲ့ path cost ရဲ့တန်ဖိုးဟာ အစမှာတော့ 0 ဖြစ်နေမယ်။
သူ့ရဲ့တန်ဖိုးက 0 ကနေ 65535 အတွင်းဖြစ်နိုင်တယ်။ ဒီတော့ ဘာ့ကြောင့် path cost ကိုသုံးသလဲပေါ့။
ဒါကတော့ root switch / bridge ဆီကိုရောက်ဖို့အတွက် non root switch/ bridge တွေဆီမှာ
root port ကိုရှာတဲ့အခါမှာသုံးတာဖြစ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ root switch ဆီကိုချိတ်ဆက်ထားတာ
link တစ်ခုထက်မကရှိနိုင်တယ်လေ။ အကယ်လို့များ ဒီလို link နှစ်ခုစလုံးက root switch ဆီကိုရောက်နိုင်တယ်ဆိုရင်
path cost အနည်းဆုံးနဲ့ root switch ဆီကိုရောက်နိုင်တဲ့ port ကို root port အဖြစ်ရွေးချယ်လိုက်တာဖြစ်ပါတယ်။
path cost ဟာ ကျွန်တော်တို့သုံးတဲ့ ethernet cable ရဲ့ bandwidth အပေါ်မှာမူတည်ပြီးတွက်တာဖြစ်ပါတယ်။
ဒါကို IEEE ကသတ်မှတ်ပေးပြီးသား။ ဒီတော့ အောက်က ဇယားလေးကိုအရင်မှတ်ရအောင်။
ဒီဇယားမှာ
ကိုကြည့်ရင် 10 Gbps bandwidth ရှိတဲ့ cable ဆိုရင် cost တန်ဖိုး 2 ရှိမယ်လို့သတ်မှတ်ထားတာ
တွေ့ရမယ်။ နောက် column တစ်ခုမှာတော့ 1 လို့ပြထားတာတွေ့ရမယ်။ ဒီတော့မတူဘူးဖြစ်နေတယ်တွေ့
လား။ ဒီတော့ ဘယ်ဟာကိုယူမလဲဆိုတော့ 2 ကိုယူရမှာဖြစ်ပါတယ်။ IEEE က အရင်တုန်းက သတ်မှတ်ထားခဲ့တာက
1 ပါ။ ဒါပေမဲ့နောက်ပိုင်း ပြန်ပြောင်းလိုက်တာ 2 ဆိုပြီးတော့လေ။ revised လုပ်လိုက်တာပေါ့။
ဒီတော့ STP cost တွေကိုတွက်မယ်ဆိုရင် အရှေ့ဘက် column က တန်ဖိုးတွေကိုပဲသုံးမှာဖြစ်ပါတယ်။
အိုခေး နားလည်တယ်နော်။ အောက်က နမူနာပုံလေးကိုကြည့်ရအောင်။
ပုံမှာ swB ကို STP က root switch အဖြစ်ရွေးချယ်လိုက်တယ်။
ဒီတော့ သူ့မှာရှိတဲ့ port တွေအားလုံဟာ designated port တွေဖြစ်သွားတယ်။ နောက်ပြီး ကျန်တဲ့
non root switch တွေထဲက root port ကိုရှာမယ်ဆိုတော့ swA ကိုကြည့်တယ်။ အဲဒီမှာ swA ဟာ
root switch ဆီကို ချိတ်ထားတဲ့ link နှစ်ခုရှိတယ်။ ဒါပေမဲ့ switch တစ်လုံးမှာ root
port တစ်ခုပဲရှိရမယ်ဆိုတော့ကား STP ကရွေးချယ်ဖို့ကြည့်လိုက်တဲ့အခါမှာ fa0/1 နဲ့ချိတ်ဆက်ထားတဲ့
link speed က 100Mbps ရှိတဲ့ cable ကိုသုံးထားတယ်။ ကျန်တဲ့ fa0/0 နဲ့ချိတ်ဆက်ထားတဲ့
link speed က 10Mbps ရှိတဲ့ cable ကိုသုံးထားတယ်။ ဒီတော့ cost ကို ခုနက ဇယားမှာပြန်ကြည့်လိုက်တော့
100Mbps ဆိုရင် path cost က 19 ရှိတယ်၊ 10Mbps ဆိုရင် cost က 100 ရှိတယ်။ ဒီတော့
STP က path cost နည်းတာကိုယူတဲ့အတွက် 100 Mbps နဲ့ချိတ်ဆက်ထားတဲ့ port fa0/1 ကို
root port အနေနဲ့ ယူဆပြီး ကျန်တဲ့ fa0/0 port ကို block လုပ်လိုက်တာဖြစ်ပါတယ်။ အိုခေ
ဒီတော့ ကျွန်တော့်တို့ root bridge ကိုလည်း ရွေးပြီးပြီ။ နောက်ပြီး ကျန်တဲ့ non
root bridge တွေထဲက root port ကိုလည်း ရွေးပြီးပြီဆိုတော့ကား နောက်ဆုံး designated
port ဆိုတာကိုရွေးဖို့ပဲကျန်တော့တယ်နော်။ ဒါပေမဲ့ ဆက်ပြောသေးဘူး။ ဒီမှာခဏနားပါဦးမယ်။
STP ဟာ switching ထဲမှာ အရှုပ်ဆုံး topic တစ်ခုလို့တောင်ပြောရမလားပဲ။ ဒီတော့ သူ့ကိုပြောဖို့
အတွက် ကျွန်တော် အခြား ပိုစ့်တွေထက် အချိန် ၂ ဆလောက်ထပ်ယူရပါတယ်။ ပြောစရာတွေအများကြီးကျန်သေးတယ်။
နားနားပြီးပြောကြမယ်။ J let’s we meet again at lesson (4)
No comments:
Post a Comment